Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမြို့ပေါ် စျေးဝယ်လာသော စစ်သားများ တိုက်ခိုက်ခံရ

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားနှင့်ရဲများက မြို့အတွင်း၌ ပြည်သူအများအပြားကို ဖမ်းဆီးစစ်ဆးနေကြောင်း ​ဒေသခံအချို့က ပြောသည်။

(ဆီမီးခုံမြို့အဝင်၌ PDF ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - SJP)
(ဆီမီးခုံမြို့အဝင်၌ PDF ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - SJP)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ် စျေးဝယ်လာသော စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၂၉ ရက် နံနက် ၈နာရီခန့်က ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ စစ်သား ရှစ်ဦးသည် မြို့အနောက်ဈေးသို့ ဈေးဝယ်ထွက်လာစဉ် တံတားကြီးအနီး၌ မိုင်း ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးထက်မနည်း မိုင်းထိခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်ကောင်သေပြီး လေးကောင်ဒဏ်ရာရတယ်။ သေသွားတဲ့တစ်ကောင်ကို မနက် ၁၁ နာရီလောက်မှာ စောင်ပုခတ်နဲ့ ထမ်းပြီး စခ ဆယ်ကောင်လောက်နဲ့ မြစ်ဆိပ်ဘက်သယ်သွားတယ်။”ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားနှင့်ရဲများက မြို့အတွင်း၌ ပြည်သူအများအပြားကို ဖမ်းဆီးစစ်ဆးနေကြောင်း ​ဒေသခံအချို့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO ၏ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force(ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ရက်ကလည်း ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်