Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်တွင်တ​ကျော့ပြန် စစ်​ရေးတင်းမာ

တိုက်ပွဲကာလအတွင်းက ဆိုင်းတောင်ဒေသခံများ ဘေးလွတ်ရာသို့တိမ်း‌​ရှောင်ခဲ့ကြသော်လည်း ‌အောက်တိုဘာလဒုတိယလပတ်အတွင်းတွင် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

(၂၀၂၄ စက်တင်ဘာ လတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်းတောင်ရွာ နေရာအချို့မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen)
(၂၀၂၄ စက်တင်ဘာ လတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်းတောင်ရွာ နေရာအချို့မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen)

အိမ်သွင်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်PDF ထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာ၌ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ကြိုတင်တိမ်းရှောင်ကြရန် ဖားကန့်မြို့ခံများနှင့် ကာကွယ်ရေးရဲဘော်အချို့က သတိပေးသည်။

“တိုက်ပွဲက ပြန်ဖြစ်တော့မယ်။စစ်ကောင်စီက ဆိုင်းတောင်နဲ့ မလှမ်းမကမ်းက ယူမာကျောက်စိမ်းရုံးမှာ ထိုင်ပြီး စစ်ရေးပြင်နေပါပြီ။ ဒေသခံတွေအတွက်က လုံခြုံရေးပိုင်း စဉ်းစားရတော့မယ့်အခြေအနေပါ” ဟု KIA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် နှင့် ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့သည့်စက်တင်ဘာလဆန်းတွင် KIA နှင့် PDFက စတင်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းကို စက်တင်ဘာ ၁၂ရက်နှင့် Lucky Man ဟိုတယ်ကို အောက်တိုဘာလ ၈ ရက်တွင်အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံများ၏အိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုများကြောင့်လည်း ဆိုင်းတောင်ရွာအပြင် ဘေးပတ်ဝန်းကျင်နေရာအချို့မှ အရပ်သားငါးဦးထက်မနက်သေဆုံးခဲ့သည်။

ထို့အပြင် တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး PDF အချို့ ကျဆုံးခဲ့သလို စစ်ကောင်စီဘက်တွင်လည်း ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ သေဆုံးပြီး အထိနာခဲ့သည်။ တိုက်ပွဲရပ်ရန် ဝင်ရောက်ညှိနှိုင်းပေးသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးလည်း စစ်ကောင်စီကပစ်ခတ်၍ ဒဏ်ရာရခဲ့သည်။

တိုက်ပွဲကာလအတွင်းက ဆိုင်းတောင်ဒေသခံများ ဘေးလွတ်ရာသို့တိမ်း‌​ရှောင်ခဲ့ကြသော်လည်း ‌အောက်တိုဘာလဒုတိယလပတ်အတွင်းတွင် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

“စစ်တပ်က ဆိုင်းတောင်ကို ပြန်မဲနေပါပြီ။ တိုက်ပွဲက ဖြစ်မှာပါ။ ဒါ သေချာတဲ့ သတင်းပါ” ဟု ဖားကန့်မြို့ခံတဦးက နိုဝင်ဘာလ ၁ရက်၌ ပြောသည်။

စစ်ကောင်စီသည် ​အောက်တိုဘာ ၃၁ ရက်ကလည်း ဖားကန့်မြို့ပေါ်တွင် လေယာဉ်ဝဲ၍ ကင်းထောက်ခဲ့ပြီး KIA တပ်မဟာ(၉)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှု၌ ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ Lucky Man ဟိုတယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဦး‌ဆောင်ထွက်ပြေးလွတ်မြောက်သွားသည့် ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်က ဥတုချောင်းဘေးတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းလိုက်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိဟုစစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။