Connect with us

Hi, what are you looking for?

သတင်း

နယ်ခြားစောင့်တပ်(၁၀၀၁)ဌာနချုပ်နှင့် လဂွေ ပြည်သူ့စစ်စခန်းသိမ်းရဟု KIAအတည်ပြု

KIAအနေဖြင့် ချီဖွေ၊ ဆော့လော်မြို့နယ်အတွင်း ထိုးစစ်ကို ယခုနှစ် စက်တင်ဘာလကုန်ပိုင်း၌ စတင်ခဲ့ရာ တစ်လခန့်အတွင်း စစ်ကောင်စီတပ် စခန်းများစွာနှင့် မြို့ ၃မြို့ကို သိမ်းပိုက်ရရှိထားသည်။

(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ၊ File)
(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ၊ File)

▪️ကန်ပိုက်တီဘက်စစ်ရေး ထူးခြားမှုမရှိသေး၊ KIOအနေဖြင့် အထူးဂရုစိုက်နေဟုပြော

▪️ကချင် အထူး​ဒေသ (၁)တွင် ကန်ပိုက်တီ နှင့် ဖီ​မော်မြို့တို့သာ သိမ်းရန်ကျန်ရှိ

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ် – မြန်မာ နယ်စပ် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ချီဖွေမြို့နယ် ပြည်သူ့စစ်စခန်းအား သိမ်းနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

” BGF အမှတ် (၁၀၀၁)တပ်ရင်းဌာနချုပ်ကို ဒီမနက်ပိုင်းသိမ်းရပြီးမှ လဂွေ ပြည်သူ့စစ်တပ်စခန်းကိုတော့ ဒီညနေ ၁နာရီခွဲ အချိန်လောက်မှာ အပြီးအစီးသိမ်းနိုင်တယ်ဆိုတဲ့ အတည်ပြုချက် အခုမှ ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ၊ File)
(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – CJ၊ File)

စစ်ရေးသတင်းမြစ်အချို့က BGF (၁၀၀၁) တပ်ရင်းကို အောက်တိုဘာ ၃၁ရက် ညနေကတည်းက သိမ်းထားနိုင်ခဲ့ကြောင်း ပြောထားသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းသိမ်းရမှု အခြေအနေများ မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မြေပြင်အခြေအနေလို့ ပြောရမှာပေါ့။ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း နောက် ဒဏ်ရာရတဲ့ သေဆုံးတဲ့ ဒေတာပိုင်းတော့ ဘာမှ မရဘူး”ဟု ၎င်းက ဆိုသည်။

KIAအနေဖြင့် အောက်တိုဘာအတွင်းက ပန်ဝါဒေသ လုပီရွာအခြေစိုက် BGF (၁၀၀၂)တပ်ရင်းဌာနချုပ်နှင့် ကန်ပိုက်တီဒေသ စင်ကြိုင်ကျေးရွာ အခြေစိုက် (၁၀၀၃)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားသည်။

(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ၊ File)
(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲ​နေ​သောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – CJ၊ File)

KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မြန်မာ -တရုတ်နယ်စပ်မြို့များဖြစ်သည့် ကန်ပိုက်တီနှင့် ဖီမော မြို့တို့သာ ကျန်နေသည်။

“ကန်ပိုက်တီဘက်မှာတော့ သတင်းထူးတွေမရှိပါဘူး။ တရားဝင်နယ်စပ်ဂိတ်လည်းဖြစ်ပါတယ်။ ကျနော်တို့ KIOအနေနဲ့လည်း အဲဒီ နယ်စပ်ဂိတ်ကို ထူးပြီးမှ ဂရုစိုက်နေပါတယ်။ စစ်ရေး အခြေအနေက ခုထက်ထိတော့ ဘာမှ ထူးခြားမှုမရှိဘူး။ဖီမောဘက်မှာတော့ အများကြီး လိုပါသေးတယ် ဖီမောဘက်မှာတော့ တိုက်ပွဲတောင် မရှိသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAအနေဖြင့် ချီဖွေ၊ ဆော့လော်မြို့နယ်အတွင်း ထိုးစစ်ကို ယခုနှစ် စက်တင်ဘာလကုန်ပိုင်း၌ စတင်ခဲ့ရာ တစ်လခန့်အတွင်း စစ်ကောင်စီတပ် စခန်းများစွာနှင့် မြို့ ၃မြို့ကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။