Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သက်ကြီးဘိုးဘွားနှစ်ဦး​သေဆုံး

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

(လက်နက်ကြီးထိမှန်ပြီး​သေဆုံးခဲ့​သော သက်ကြီးရွယ်အိုပြည်သူနှစ်ဦးရုပ်အ​လောင်းကို ​စောင်ဖြင့်ထုတ်ထားစဥ်။ ။ဓါတ်ပုံ-ရောင်နီနွေဦး)
(လက်နက်ကြီးထိမှန်ပြီး​သေဆုံးခဲ့​သော သက်ကြီးရွယ်အိုပြည်သူနှစ်ဦးရုပ်အ​လောင်းကို ​စောင်ဖြင့်ထုတ်ထားစဥ်။ ။ဓါတ်ပုံ-ရောင်နီနွေဦး)

◾️တစ်ပတ်အတွင်း လေကြိမ်မြောက်လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီးအနည်းဆုံးပြည်သူ ၄ ဦး​သေ ၊ ၅ ဦးဒဏ်ရာရ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ကျေးရွာများအား တစ်ပတ်အတွင်း လေးကြိမ်မြောက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သက်ကြီးဘိုးဘွားနှစ်ဦး ခန္ဓာကိုယ်တစစီပြတ်တောက်ကာ သေဆုံးခဲ့သည်။

ယမန်နေ့(နိုဝင်ဘာလ၃ရက်)နံနက် ၁၁နာရီခန့်က မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်က ၁၂၀ မမလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် မတ္တရာမြို့အနောက်ဘက် ကိုးပင်ကျေးရွာသို့ ကျရောက်ပြီး အသက် ၇၀နှစ်ခန့်အရွယ် သက်ကြီးဘိုးဘွားနှစ်ဦး ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီပြတ်တောက်

သည်အထိ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြောင်း မတ္တရာစစ်ရှောင်များအား ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲရှိလို့ ပစ်တာမဟုတ်ဘူး။ ဒီကောင်တွေရမ်းသမ်းထုနေတာ။ ဒီကောင်တွေရမ်းပစ်လို့ ပြည်သူတွေထိတာ တော်တော်တော့ များနေပြီ။ အမျိုး

သမီးအခြေအနေက တော်တော်ဆိုးတယ်။ စုတ်ပျက်သက်နေတာပဲ။”ဟု ရောင်နီနွေဦးအဖွဲ့တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများအား လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြောင်း ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

“မတ္တရာမြို့ပေါ်ကနေ လေးဘက်လေးလံပစ်တာ။ အနောက်ဘက်တို့တောင်ဘက်တို့ မြောက်ဘက်တို့ ဦးစားပေးပစ်တယ်။”ဟု ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် လူနေကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေရာ အောက်တိုဘာ ၂၇ ရက်က စကျင်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူအောက်တိုဘာလ၃၁ ရက်ကလည်းလက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ အလည်ကျေးရွာနေ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီးအောက်ကင်းရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။

ထို​ကြောင့်တပါတ်အတွင်းစစ်တပ်ကလက်နက်ကြီးဖြင့် ပစ်၍ အနည်းဆုံးပြည်သူ ​လေးဦး​သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေရာ အောက်တိုဘာ ၂၁ ရက်က မတ္တရာမြို့နယ်အနောက်​ခြမ်းတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် တစ်နှစ်ခွဲခန့် ကလေးငယ်တစ်ဦးနှင့် ကလေးမိခင်တို့ သေဆုံးခဲ့သေးသည်။

မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသော နေရာများတွင် နေထိုင်ကြရန်၊ လေယာဥ်များ ပျံသန်း ဝဲနေလျှင် အကာကွယ်ရှိနေရာများတွင် နေပေးကြပါရန်နှင့်တနေရာနှင့် တနေရာ ကူးသန်း ပြေးလွှားချင်းများ မပြုလုပ်ကြပါရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေကြောင်း၊ သို့သော် တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီအလောင်းများ သိမ်းဆည်းရမိခဲ့ပြီး သိမ်းထားသော စခန်းများအားအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်းအောက်တိုဘာ တတိယပတ်အတွင်း၌ မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။