Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် ပ​ညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်သူများအားလုံးဖော်ထုတ်၍ တရားမျှတမှုရရန် ဆောင်ရွက်သွားမည်ဟု NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်

ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်း ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

(ဦးဝင်းဌေးနှင့်၎င်း၏ဇနီးသည်အား တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)
(ဦးဝင်းဌေးနှင့်၎င်း၏ဇနီးသည်အား တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစု လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်အား အမိန့်ပေးစေခိုင်းသူများနှင့် ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာ ၄ရက် ညပိုင်းက ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာနေအိမ်အတွင်း ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရကြောင်း NUG၏ ပညာရေးဝန်ကြီးဌာနက အသိပေးသည်။

အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနှင့် သူ၏မိသားစုအား ယခုကဲ့သို့ တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့်ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသည့် ပညာရေးတာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာ၌ တာဝန်ကျပြီး အိမ်ငှားနေထိုင်နေရသူဖြစ်ကြောင်း၊ ၎င်း၏သမီးငယ်မှာ အောက်တိုဘာ ၂၀ ရက်က ရက်တစ်ရာပြည့်မွေးနေ့ ပြုလုပ်ထားသည့်ကလေးငယ်​ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မိသားစု သုံးဦးလုံးကို ရည်ရွယ်ချက်ရှိရှိရက်ရက်စက်စက် လုပ်ကြံသတ်သွားတာ။ လူဆိုတာဘာမှန်းမသိသေးတဲ့ အပြစ်မရှိတဲ့ကလေးကိုပါ လူမဆန်စွာလုပ်သွားကြတာ။”ဟု မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောသည်။

ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်း ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတွင် တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုသည် ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် YRFက ဩဂုတ်လကုန်ပိုင်းတွင် တောင်းဆိုထားသည်။

ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက်(၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။