Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် ပါဟဲရွာ ချောင်းရေတိုက်စား၍ အရေးပေါ်ရွှေ့ပြောင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ချောင်းရေတိုက်စား၍ ကျေးရွာအတွင်း ပျက်စီးမှုများရှိပြီး နေအိမ်အချို့ အရေးပေါ် ပြောင်းရွှေ့ရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

ပါဟဲရွာအား ချောင်းရေတိုက်စားသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ကနီပအဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ချောင်းရေတိုက်စား၍ ကျေးရွာအတွင်း ပျက်စီးမှုများရှိပြီး နေအိမ်အချို့ အရေးပေါ် ပြောင်းရွှေ့ရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

ကနီမြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ရာ စက်တင်ဘာ ၂၅ ရက်ည ၁၀နာရီခန့်က ပါဟဲချောင်းရေလျှံကာ ချောင်းနံဘေးရှိ ပါဟဲရွာ ကုန်းမြေကို တိုက်စားခဲ့၍ ရွာအတွင်းရှိ ဝက်နှင့်နွားများ၊ ထွန်စက်များ၊ လှည်းများ ရေထဲမျာပါဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လူအသေ၊အပျောက် ကတော့မရှိပါဘူး။လူနေအိမ် ၅လုံးလောက်ကတော့ အရေးပေါ် ရွှေ့ပြောင်းရမဲ့အနေအထားရှိတယ်။”ဟု ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပါဟဲရွာအား ချောင်းရေတိုက်စားသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ကနီပအဖ

အလားတူ နေအိမ်များရှိ ပဲအမျိုးမျိုးနှင့် စပါးမျိုးများ ရေစိုပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွာသူ၊ ရွာသားများတည်ဆောက်ထားသည့် ရေကာတာပျက်စီးသွား၍ ယာယီရေကာတာ အရေးပေါ်ပြုပြင်နေကြောင်း ဒေသခံများက ပြောသည်။

ပါဟဲကျေးရွာသည် အိမ်ခြေ ၁၉၀ကျော်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့်ရွာတစ်ရွာဖြစ်သည်။

စက်တင်ဘာ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခသည်သိန်းချီရှိနေကာ ပြည်သူရာချီသေဆုံးခဲ့သည်။ ယနေ့အထိလည်း ကူညီကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခါများလိုအပ်နေဆဲဖြစ်ကြောင်း ရေဘေးသင့်ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

Facebook