Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးကျည်ထိမှန်၍ (၁၀)နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူလေးဦး သေဆုံး

နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီခန့်က စစ်​ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးလေးလုံးခန့်မှာနိုးကိုးကျေးရွာနှင့် ‌သရက်ပင်ကျေးရွာအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နိုးကိုးကျေးရွာတွင် ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFK)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နိုးကိုးကျေးရွာတွင် ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFK)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ နိုးကိုးကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် (၁၀)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီခန့်က စစ်​ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးလေးလုံးခန့်မှာနိုးကိုးကျေးရွာနှင့် ‌သရက်ပင်ကျေးရွာအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။

“စစ်ရှောင်နေကြတဲ့ ဒေါစဲ ၊ရေကန်ရွာသားတွေ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပါတယ်။တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ရေဘေး စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေ စစ်ရှောင်တွေရှိတဲ့နေရာ ကျေးရွာကို အကြမ်းဖက်စကစတပ်ဖက်ကရည်ရွယ်ချက် ရှိရှိနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပါ”ဟု လွိုင်ကော်မြို့ခံစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး ကျရောက်မှုကြောင့် ထိခိုက် သေဆုံးသည့်ပြည်သူ လေးဦးမှာ အသက် (၃၀)နှစ်ဝန်းကျင်အရွယ် အမျိုးသား နှစ်ဦး၊အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ဖြစ်သည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုး နယ်မြေ လှုပ်ရှားမှုများကြောင့် အရပ်သားပြည်သူများအနေဖြင့် စစ်ဘေးရှောင်များ သွားလာမှု ၊နေထိုင်မှုများ အထူးဂရုစိုက်ကြရန်နှင့်လက်နက်ကြီး လေကြောင်းရန် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားရန်လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

ကရင်နီဒေသတွင်း ဆုံးရှုံးထားသည့် နယ်မြေများပြန်လည်စိုးမိုးရန် စစ်ကောင်စီသည် ပအိုဝ်း ပြည်သူ့စစ်နှင့်အတူ ပင်​လောင်းမြို့နယ်ဘက်မှ ဖယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးနေ၍ ထိခိုက်သေဆုံးသည့် ပြည်သူများရှိနေသည်။

အောက်တိုဘာ ၃၁ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဗန်းမောက်ရွာတွင် စစ်ရှောင်ယာဥ်တန်းကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် (၈)နှစ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။