Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိဟုဆို

အောက်တိုဘာ ၂၉ရက်ကလည်း ဆီမီးခုံမြို့ပေါ် တွင် ဈေးဝယ်ထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများ ရှိခဲ့သည်။

(စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-File)
(စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-File)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်းမြင်းခြံခရိုင် တပ်ရင်း ( ၇ ) တပ်ခွဲ(၅)၊ HERO DEFENCE FORCE အဖွဲ့၏တာဝန်ခံ စစ်သူကြီးက ပြောသည်။

နိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီ ၁၅မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ဆီမီးခုံဆိပ်ကမ်းသို့ ထွက်ခွာလာသော အင်အား ၉၀ခန့်ပါစစ်ကောင်စီ ၏ စစ်ကား ၄ စီးကို မြို့သာ-ဆီမီးခုံလမ်းပိုင်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

” ကြားဖြတ်ခြုံခိုတိုက်ခိုက်တာ။ လက်နက်ငယ် တွေနဲ့။ စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးတယ်။ အများအပြားလည်း ဒဏ်ရာရတယ်။ သေဆုံးဒဏ်ရာရတွေကို လူနာတင်ကား သုံးစီးနဲ့လာခေါ်သွားတယ်။”ဟု HERO DEFENCE FORCEအဖွဲ့၏တာဝန်ခံ စစ်သူကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၄၀ မမ မှန်လို့ အရာရှိတစ်ယောက်ခြေထောက် ဖြတ် ရပါမယ်တဲ့။ ကျန်ထိခိုက်တွေလည်းများတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရပြီးနောက် ညပိုင်းအထိ အခင်းဖြစ်ရာအနီး တောနင်းရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း (၇)တပ်ခွဲ(၅) HERO DEFENCE FORCE၊ မြင်းခြံခရိုင် တပ်ရင်း(၇)၊ တပ်ခွဲ(၂) Zero၊မြင်းခြံခရိုင်တပ်ရင်း (၆)နှင့် ဒေါင်းဘုရင်အဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၉ရက်ကလည်း ဆီမီးခုံမြို့ပေါ် တွင် ဈေးဝယ်ထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်ကလည်း ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။