Connect with us

Hi, what are you looking for?

သတင်း

လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ လှော်ကားနယ်မြေ ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

သုည/People’s Spring

ယနေ့(နိုဝင်ဘာ ၁၃ရက်) ည ၇နာရီကျော်တွင် လှော်ကားနယ်မြေရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame (OF) နှင့် Yangon UG People Army (YUPA)တို့မှ လက်ပစ်ဗုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OF အဖွဲ့က အသိပေးထားသည်။

“လှော်ကားရဲစခန်းဘက်မှာ ည ၇ နာရီခွဲလောက် က ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ ရဲစခန်းနားမှာ ဗုံးပေါက်တာလို့ ပြောနေကြတယ်။ လူထိခိုက်မှု ရှိ၊မရှိတော့ သေချာမသိပါဘူး။ စစ်ကား၊ ရဲကားတွေ လှော်ကားနားမှာ စစ်နေတာ တွေ့ရတယ်။ အောက်မင်္ဂလာဒုံလမ်းပေါ်မှာလည်း စစ်ကားတွေ ကင်းပတ်နေတာ တွေ့ခဲ့ပါတယ်”ဟု ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သော်လည်း တော်လှန်ရေးအဖွဲ့သားအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်တော်လှန်ရေးမဟာမိတ်များနှင့်အတူ လက်တွဲပြီး စစ်ကောင်စီတပ်အား အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း OFအဖွဲ့က အသိပေးသည်။

Operation Flame (OF)အဖွဲ့သည် ယမန်နေ့ညပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။