Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင်၍ ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲနေခြင်းဖြစ်သည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းညီနောင်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့(နိုဝင်ဘာ ၂၁ရက်)တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင်၍ ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲနေခြင်းဖြစ်သည်။

” အခုဒီနေ့ကတော့ ဖလမ်းမြို့နယ်မှာတိုက်ပွဲ အပြင်းအထန်ရှိပါတယ်။ စကစ လေယာဉ်သုံးပြီးမှ ဗုံးအလုံး ၅၀ကျော်လောက် ဗုံးကြဲတိုက်ခိုက်နေတယ်။ အဲဒီ ချင်းညီနောင်မဟာမိတ်တွေကနေအခု ဖလမ်း စကစတပ်ကုန်းကို တိုက်ခိုက်ပြီးမှ ကာကင်းအထိ သိမ်းပိုက်နိုင်တယ်။ တပ်ကုန်းအထဲကတော့ အခုတိုက်ခိုက်နေဆဲဖြစ်ပါတယ်။အဲဒါကြောင့် စကစတွေက လေယာဉ်နဲ့ Y12နဲ့လည်းပစ်ခတ်တိုက်ခိုက်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ – The Chin Journal)

ချင်းညီနောင်အနေဖြင့် ဖလမ်းနှင့် မင်းတပ်မြို့အခြေပြု စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသာ အသိပေးထားပြီး တိုက်ပွဲသတင်းများ ထပ်မံ ထုတ်ပြန်အသိပေးခြင်းမရှိပေ။

” ဖလမ်းမြို့ထဲပဲ အတိအကျ ရပ်ကွက်တော့ မသိနိုင်ဘူး။ အဝေးကနေ ကြည့်မယ်ဆိုရင် ၂နေရာလောက် မီးလောင်နေဆဲဖြစ်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ဖလမ်းမြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲသည်လည်း တိုက်ပွဲစတင်ချိန်မှ ပြီးခဲ့သည့် ရက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံတိုက်ခိုက် လျက်ရှိသည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မြို့ပေါ် တိုက်ပွဲ ဆက်ဖြစ်နေကြောင်းကို ပြီးခဲ့သည့် ရက်အနည်းငယ်က အတည်ပြုထားသော်လည်း စစ်ရေးအခြေအနေများ လိုအပ်မှသာ ထုတ်ပြန် အသိပေးမည်ဟု ပြောထားသည်။

(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ - The Chin Journal)
(ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် ဖလမ်းမြို့မှ စစ်ကောင်စီတပ်စွဲရာနေရာများ။ ဓာတ်ပုံ – The Chin Journal)

မင်းတပ်ဒေသခံကလည်း ယမန်နေ့(နိုဝင်ဘာ ၂၀ရက်)တွင် မြို့ပေါ် အခြေအနေကို လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ရာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ်နေသလို ပြည်သူလူထု နေအိမ်များမီးရှို့ဖျက်ဆီးမှုများ ဆက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်သည် မဟာမိတ်အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းပြီး မတူပီမြို့သိမ်းတိုက်ပွဲ၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲများ အောင်မြင်မှုရရှိထားသည်။

ယခု မင်းတပ်နှင့် ဖလမ်းမြို့စစ်ဆင်ရေးတွင် AA ပါဝင်ခြင်းရှိ၊မရှိ တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေးပေ။ သို့သော် ချင်းညီနောင်၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းအချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်း ပီသစွာဖြင့် စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။