Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်တိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ်ထံမှ လက်နက် ၃လက်ရဟု PNLA ပြော

လွိုင်ကော် – ဆီဆိုင်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်က ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း PNLAတပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

(ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ထံမှ သိမ်းရသော လက်နက် ၃လက်။ ဓာတ်ပုံ - PNLA)
(ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ထံမှ သိမ်းရသော လက်နက် ၃လက်။ ဓာတ်ပုံ - PNLA)

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ထံမှ လက်နက် ၃လက် ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လွိုင်ကော် – ဆီဆိုင်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်က ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း PNLAတပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက PNLA တပ်ဖွဲ့များရှိရာ ထိုးစစ်ဆင်ဝင်ရောက်လာပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင် – ဟိုနမ့် ပွန်ချောင်းတံတားအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုကထိုးစစ်ဆင်လာ၍ အဆိုပါတံတားအနီး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“၂၀ရက်နေ့က ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ၊ PNOပြည်သူ့စစ် နဲ့ PNLAတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ပါ။သေနတ် ၃လက် စကားပြောစက်တစ်လုံး။ လက်ရှိမှာတော့ စစ်ကောင်စီနဲ့ပြည်သူ့စစ်က အင်အားတွေ အများအပြားဖြည့်ထားပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဆီဆိုင်နှင့် မောက်မယ်မြို့နယ်အတွင်း ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိရာ နိုဝင်ဘာ ၂၁ရက်တွင် လက်နက်ကြီးဖြင့် ၁၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲမှာ အာဏာရှင်လက်ပါးစေဘက်က ၂၄ဦးသေဆုံးပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိင်မြို့နှင့် မိုင်(၄၀)ခန့်ကွာဝေးသော လွိုင်ကော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုရရန် ကျေးရွာများအား စစ်ကြောင်းထိုးမှုများပြုလုပ်နေသည်။

ထို့ကြောင့် မြို့နှင့် ခြောက်မိုင်ခန့်အကွာ လွိုင်ကော်မြို့၏ အ နောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာများမှာ ဝင်ဘာ ၂၀ ရက်ကစ၍ ဒီးမော့ဆိုမြို့အနောက်ခြမ်းသို့ ရွှေ့ပြောင်းလိုက်ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေ များကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး လက်ရှိတွင် မိုးဗြဲမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။ ဆီဆိုင်မြို့နှင့် မိုးဗြဲမြို့မှာလည်း မိုင်(၄၀)ခန့်သာ ကွာဝေးသည်။

PNLAသည် ၂၀၂၄ ဇန်နဝါရီတွင် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည်။ ဆီဆိုင်မြို့ကို PNLAနှင့် မဟာမိတ်များက သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူနှင့် မြေပြင်မှအင်အားအလုံးအရင်းဖြည့်တင်း၍ ပြန်လည်နေရာယူထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။