Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်ညကလည်း ဆဒုံးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

(ဆဒုံးမြို့ကို စစ်ကောင်စီက ယနေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - File)
(ဆဒုံးမြို့ကို စစ်ကောင်စီက ယနေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - File)

ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားပြီးဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၂၂ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄,၀၀၀ ကျော်တွင်တည်ရှိသော ဆဒုံးမြို့ကို ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာမြို့အုပ်ချုပ်ရေးမှူးရုံး ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

“တယောက်က နည်းနည်းထိတယ်လို့ ပြောတယ်”ဟု ဒေသ သတင်းရင်းမြစ်က လေကြောင်း တိုက်ခိုက်ခံရမှုတွင် လူထိခိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

Public Service Announcement

Public Service Announcement

မြို့အုပ်ချုပ်ရေးမှူးရုံး လေကြောင်းတိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးမှု ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြရာ အဆောက်အဦးနှင့် မော်တော်ယာဉ် အချို့ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။ KIAသည် ဆဒုံးမြို့ကို ယခုနှစ် ဇွန်လကတည်းက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်ညကလည်း ဆဒုံးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်ထားသည့်နယ်မြေများကို တိုက်ပွဲမရှိဘဲ လေကြောင်းမှ တိုက်ခိုက်မှုများလုပ်ဆောင်နေသည်။ KIA သိမ်းပိုက်ထားသည့် မိုးမောက်မြို့နယ် ကုန်းလောရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို နိုဝင်ဘာ ၁၅ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ဦး အပါအဝင် ပြည်သူ ၉ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

အလားတူ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချို၊မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် ရက်များအတွင်း လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၆ ဦးထက်မနည်းသေဆုံးကာ ၅၀ကျော် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။