Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမြို့နယ်ရှိ ရဲကင်းကို PDFများ တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက မှော်ဘီတပ်မှ ဖောကား ၃စီး ၊ (၃၅)တပ်ရင်းမှ ခြေလျင် စစ်ကူစစ်ကြောင်းများဖြင့် အင်အားဖြည့်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီခန့်တွင် လုံခြုံဘေး ကင်းရာသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Defense Force)
(သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Defense Force)

အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး ၁၅ဦးခန့် သေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းကို နိုဝင်ဘာ ၂၂ရက်နံနက် ၅နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

” စစချင်းတိုက်တော့ ထင်ထားသလို မဟုတ်ဘူး။ သတ်ကွင်းကြီးဖော်ထားတာ။ ဒါပေမယ့် ဒီစစ်ဆင်ရေးလုပ်မယ်လို့ ဆုံးဖြတ်ပြီး ပြင်လည်းပြင်ဆင်ထားတာကြောင့် ချခဲ့တာပဲ။ စစ်ရေးသတင်းလည်း ပေါက်သလိုဖြစ်တော့ သူတို့ဘက်က တော်တော် ပြင်ဆင်ထားတာ။ ပထမက ပျူတွေပဲများပြီး အခုက စစ်တပ်ကလူတွေ လာချိန်းထားတာ “ဟု သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ ဒုတပ်ရင်းမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းဘန်ကာနှင့် မီတာ၅၀ခန့်အကွာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။၃နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အဆ်ိုပါစခန်းမှ ၁၀ဦး ထက်မနည်းသေဆုံးပြီး လက်ပံတန်းမြို့မရဲစခန်းမှ စစ်ကူလာသည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ငါးဦးသေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါစစ်ကူတပ်ဖွဲ့သည် ပရိုဘောက်အမျိုးအစားကားဖြင့် လက်ပံတန်းမြို့မရဲစခန်းမှ လာစဉ် PDFပူးပေါင်းဖြတ်တောက်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။အဆိုပါ တိုက်ခိုက်မှုအတွင်း လေးဦးသေဆုံးပြီး ဒဏ်ရာရသူ ၃ဦးကို ကားဖြင့်သယ်ဆောင်ပြန်ဆုတ်သွားပြီး နောက်တနေ့တွင် တစ်ဦး ထပ်မံ သေဆုံးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက မှော်ဘီတပ်မှ ဖောကား ၃စီး ၊ (၃၅)တပ်ရင်းမှ ခြေလျင် စစ်ကူစစ်ကြောင်းများဖြင့် အင်အားဖြည့်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီခန့်တွင် လုံခြုံဘေး ကင်းရာသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရတပ်ဖွဲ့၊ သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၂)၊တပ်ခွဲ(၃)၊ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(MDF)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” တိုက်ပွဲအတွေ့အကြုံတော်တော် ရလိုက်တယ်။ တော်တော်လေး လုံးခဲ့ရတယ်။ စစ်ကူတွေအများကြီးရောက်လာတော့ ပြန်ဆုတ်ခဲ့ရတယ်” ဟုသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ ဒုတပ်ရင်းမှူးကပြောသည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ စခန်းမှူး ရဲအုပ်‌ဇော်ဝင်းနှင့် ရဲသတင်းပေးတစ်ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရဲစခန်းအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook