Connect with us

Hi, what are you looking for?

သတင်း

ပြန့်ကျဲနေသည့် တော်လှန်ရေးတပ်ဖွဲ့များ PDFတပ်ရင်းများနှင့် ချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို ညီညွတ်စွာတွန်းလှန်ကြရန် NUG ဖိတ်ခေါ်

ယနေ့ (နိုဝင်ဘာ၂၅ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်အပြီး အောင်ပွဲရ ရဲဘော်များအား NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က သွားရောက်တွေ့ဆုံနေသည်ကို အောက်တိုဘာ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်အပြီး အောင်ပွဲရ ရဲဘော်များအား NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က သွားရောက်တွေ့ဆုံနေသည်ကို အောက်တိုဘာ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOD)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် စစ်အာဏာရှင် အောက်မှလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူတကွကျောချင်းကပ်ဆောင်ရွက်မည်ဖြစ်ကြောင်း NUGက ထပ်မံ အသိပေးလိုက်ပြီး ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအင်အားစုများနှင့် အတူ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖိတ်ခေါ်လိုက်သည်။

ယနေ့ (နိုဝင်ဘာ၂၅ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

” လက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့က မလွှဲသာမရှောင်သာဆင်နွှဲနေရတဲ့ အခြေနေပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတဲ့အခါမှာ တစ်ယောက်တမျိုးကိုယ်အဆင်ပြေတာ လုပ်နေတာမျိုးဆိုရင်ပေါ့နော် ဒါ ဘယ်လိုမှလည်း ကြီးမားတဲ့အောင်မြင်မှုတွေ မရနိုင်ဘူး။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့လည်း အလွယ်တကူ ဖြိုခွင်းလို့ရနိုင်တာပေါ့နော်။ အဲအတွက်ကြောင့် စစ်ရေးမှာလည်းပဲ ခိုင်မာတဲ့လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ အင်မတန်အရေးကြီးတဲ့အခြေအနေလို့ ကျနော်တို့က ယုံကြည်ပါတယ်။ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေလည်းပဲ အမြဲတမ်းတံခါးဖွင့်ထားပြီးတော့ အမြဲတမ်းဖိတ်ခေါ်နေတာ ဖြစ်ပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစုအသီးသီးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာဖြင့် စနစ်တကျတွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အတူကြိုးစားကြရေး ဖိတ်ခေါ် ပန်ကြားကြောင်း NUG၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ယခုကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ သင်ခန်းစာယူစရာမှာ အတိတ်သမိုင်းတွင် ‌လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိအောင် နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်ဝါဒများကို စည်းစည်းလုံးလုံးညီညီညွတ်ဖြင့် တစ်ဆင့်ခြင်း တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိတော်လှန်‌ကြီးကိုလည်း ညီညွတ်စွာတွန်းလှန်ရန်လိုအပ်ကြောင်း NUGက အသိပေးသည်။

မြန်မာတနိုင်ငံလုံးရှိ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ်စိုက်ထူရေးထိုး တွန်းလှန်ကြရန် အလေးအနက်ထားတိုက်တွန်းကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

” လက်ရှိပြည်သူ့နွေဦးတော်လှန်ရေး၏ အဓိကရေသောက်မြစ်နှစ်ခုကိုပြောပါဆိုရင်တော့ နံပတ်တစ်က ပြည်သူလူထုရဲ့ထောက်ခံမှုပေါ့နော်။ ဒီဟာက နံပတ်တစ်အရေးကြီးဆုံးဖြစ်ပြီးတော့ နံပတ်နှစ်က တော်လှန်ရေးအင်အားစုတွေရဲ့ အချင်းချင်းကြားမှာရှိနေတဲ့ စည်းလုံးညီညွတ်မှုပေါ့”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် NUGကာကွယ်ရေးဝန်ကြီးဌာနသည် ကချင်၊ ကရင်အပါအဝင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိရာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ အောင်မြင်မှုများစွာရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook