Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းရှိ တော်လှန်ရေးတပ်စခန်းငယ်များ ယာယီဆုတ်ခွာ

နိုဝင်ဘာ ၁၇ ရက်နှင့် ၂၂ ရက်တွင် မတ္တရာမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(မတ္တရာမြို့နယ်ရှိ နေအိမ်များ မီးရှို့ခံရသည်ကို အဝေးကငေးကြည့်နေကြရသည့် စစ်ရှောင်ဒေသခံများ။ (ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ − The voice of wetlet madayar)
(မတ္တရာမြို့နယ်ရှိ နေအိမ်များ မီးရှို့ခံရသည်ကို အဝေးကငေးကြည့်နေကြရသည့် စစ်ရှောင်ဒေသခံများ။ (ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ − The voice of wetlet madayar)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းငယ်များ ယာယီဆုတ်ခွာပေးထားကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတင်းတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နှင့် ၂၂ ရက်တွင် မတ္တရာမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်က ဆောက်ခြုံပေါက်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သို့သော် နိုဝင်ဘာ ၂၂ ရက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှာ ယာယီဆုတ်ခွာခဲ့ကြောင်း ရဲဘော်အချို့က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်များမှာ လက်ရှိတွင် မတ္တရာမြို့နယ်အနောက်ခြမ်းကို စိုးမိုးထိန်းချုပ်ထားသည်။

“သူတို့အကုန်(နယ်မြေ)ယူသွားတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ခေတ္တခဏရှောင်ပေးထားတာဗျ။ ကျွန်တော်တို့ဘက်က ထိခိုက်ဆုံးရှုံးမှုမရှိဘူးဗျ။AS(Air Strike)လုပ်လို့ ပြည်သူသေဆုံးမှုပဲရှိတယ်။”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

ဆုတ်ခွာပေးခဲ့သည့် စခန်းအရေအတွက်ကိုမူ အသိပေးနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးရေကြောင်းမှာမူ တက်လာ၍မရသောကြောင့် ရေကြောင်းပစ်ခတ်မှုမရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စစ်ကြောင်းတွင် အမှတ် (၉၁၀)စစ်အင်ဂျင်နီယာတပ်ရင်း၊ ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)တို့ ပါဝင်သည်။ အဆိုပါ စစ်ကောင်စီတပ်များနှင့် ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ်(၅၁၀)တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မတ္တရာအနောက်ခြမ်းကတော့ စကစက တခြမ်းလုံးနီးနီး နေရာယူထားတယ်။ ပြည်သူတွေရဲ့ပစ္စည်းတွေ နွားတွေကအစ မတ္တရာမှာရောင်းနေတယ်။”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၂ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်း စိန်ပန်းကုန်းကျေးရွာအနီးသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ သုံးဦးထိခိုက်ဒဏ်ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က ဓါတုအဆိပ်ငွေ့ဗုံးဟုယူဆရသည့် ဗုံးများကြဲချမှုကြောင့် ပြည်သူ ၈၀ ကျော် မူးလဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပါက အရေးပါသော ပစ္စည်းများနှင့် စားနပ်ရိက္ခါများ သယ်ယူနိုင်ရန် ကြိုတင်ပြင်ဆင်ထားစေလိုကြောင်း ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောသည်။

.တိုက်ပွဲများကြောင့်မတ္တရာအနောက်ခြမ်းတစ်ခြမ်းလုံး စစ်ရှောင်နေရပြီး စစ်ရှောင်ပြည်သူ တစ်သောင်းအထက်ရှိနေကြောင်း ရောင်နီနွေဦးအဖွဲ့က ပြောသည်။

စစ်ရှောင်များမှာ စားနပ်ရိက္ခါများအပြင် ဆောင်းတွင်းရောက်လာ၍ အနွေးထည်၊ စောင်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ရောင်နီနွေဦးအဖွဲ့က ပြောသည်။

မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းထားသည့် တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေသော်လည်း သိမ်းထားသည့် စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အောက်တိုဘာ တတိယပတ်အတွင်းက အသိပေးထားသည်။

မတ္တရာမြို့နယ်မှ စစ်ကောင်စီစခန်း ၃၅ ခုကို မန္တလေး PDFက သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။