Connect with us

Hi, what are you looking for?

သတင်း

ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး

ချင်းပြည်နယ် တွန်းဇန်မြို့ မြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်းဒေသ ရှိ ရဲစခန်းများမှ တာဝန်ထမ်းဆောင်သော ရဲတပ်သား ၃ဦးသည်။

ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး
ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး

ဟန်နွေ/People’s Spring

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ဦး အပါအဝင် Non CDM ဝန်ထမ်း ၃၀ကျော် ပြည်သူ့ဖက်အလင်းဝင်ရောက်ခဲ့ကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၄ရက်တွင် အသိပေးထုတ်ပြန်သည်။

ချင်းပြည်နယ် တွန်းဇန်မြို့ မြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်းဒေသ ရှိ ရဲစခန်းများမှ တာဝန်ထမ်းဆောင်သော ရဲတပ်သား ၃ဦးသည်။

ဩဂုတ်တွင် တွန်းဇံ ပအဖထံ အလင်းဝင်ခိုလှုံလာခြင်းဖြစ်ရာ ၎င်းတို့သည် ဘေးကင်းလုံခြုံသည့် နေရာသို့ ရောက်ရှိနေပြီဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး
ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး

တွန်းဇံမြို့ကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ယခုနှစ်မေလတွင် သိမ်းပိုက်နိုင်ခဲ့ရာ ယင်းသို့ သိမ်းပိုက်ပြီးနောက် ဌာနပေါင်းစုံမှ Non CDM ဝန်ထမ်းများသည် ပြည်သူ့ဘက် အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ Non CDM များအား ချင်းပြည် CDM မူဝါဒများအတိုင်း မြို့နယ် CDMကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ စီစစ်ဆောင်ရွက်လျက် အယောက် ၃၀ကျော်အား ခံဝန်ကတိဖြင့် လက်ခံပြီးစီးခဲ့ဟု ထုတ်ပြန်သည်။

“ရဲတွေကတော့ ချိတ်ဆက်တာကြာပြီ။ အဆက်အသွယ်ပြတ်လိုက်ဖြစ်နေလို့”ဟု တွန်းဇံမြို့နယ် ပအဖတာဝန်ရှိသူ ဦးအဲလက်စ်က ပြောပြသည်။

ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး
ရဲ ၃ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်း ၃၀ကျော် အလင်းဝင်လာဟု တွန်းဇံပအဖ အသိပေး

ကျန်နေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများလည်း အမြန်ဆုံးပြည်သူနှင့်အတူ ရပ်တည်ကြရန်နှင့် တိုင်းပြည်မနာစေရေး တွန့်ဆုတ်မနေကြရန် ၎င်းက တိုက်တွန်းသည်။

” အခုအချိန်မှာ တိုင်းပြည်နဲ့ ပြည်သူ့အကျိုး ကြည့်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်” ဟု ဦးအဲလက်စ်က တိုက်တွန်းသည်။

လက်ရှိတွင် တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီတပ်များမကျန်တော့ဘဲ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook