Connect with us

Hi, what are you looking for?

သတင်း

ရဝမ်ဝန်ကြီး ဦးချန်းဂျော်ရမ်၏ ဈာပနလိုင်ဇာမြို့တွင်ပြုလုပ်

အသက် ၅၁ နှစ်အရွယ် ဦးချန်းဂျော်ရမ်သည် KIAနှင့် ပူးတွဲတိုက်ပွဲများဖော်ဆောင်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။

(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်/ ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်/ ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရင်းကျန်းမာရေးဆိုးရွားမှုကြောင့် ရှေ့တန်းတနေရာ၌ ကွယ်လွန်ခဲ့သည့် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ်၏ ဈာပနကို KIA ထိန်းချုပ်ဒေသ လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်​နေ့ကပြုလုပ်ခဲ့သည်။

အသက် ၅၁ နှစ်အရွယ် ဦးချန်းဂျော်ရမ်သည် KIAနှင့် ပူးတွဲတိုက်ပွဲများဖော်ဆောင်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။

(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်/ ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖီမော်ကျေးရွာတွင် နို၀င်ဘာလ၂၇ရက်ည ၁၀နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျန်းမာရေးဆိုးရွားပြီး ကွယ်လွန်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအနိုင်ရခဲ့ပြီး စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ဦးချန်းဂျော်ရမ်က လူထုတော်လှန်ရေးတွင် ခြေစုံပစ်ဝင်ခဲ့သည်။

(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်/ ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်။ ဓါတ်ပုံ-CJ)

ဦးချန်းဂျော်ရမ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ကြိုးပမ်းခဲ့သူဖြစ်ပြီး စစ်အာဏာရှင်ဖြုတ်ချပြီး အုပ်ချုပ်ရေးအာဏာအား ပြည်သူများထံအပ်နှံသွားမည်ဟုပြောကြားဖူးသည်။ဦးချန်းဂျော်ရမ်သည် ပြုပြင်ပြောင်းလဲရေး အတွေးအခေါ် ရှိပြီးရပ်တည်ချက်ခိုင်မာပြတ်သားသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

(ဦးချန်းဂျော်ရမ်ဈာပန ကို လိုင်ဇာမြို့တွင် နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့စဥ်/ ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဦးချန်းဂျော်ရမ်ရှိစဥ်အခါက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

KIA ဦး​ဆောင်​​​သော မဟာမိတ်တပ်ဖွဲ့များသည် ကချင်အထူး​ဒေသ (၁) ကို.စက်တင်ဘာ လကုန်ပိုင်းတွင် စတင် ထိုးစစ်ဆင်တိုက်ခိုက် ချီ​ဖွေ ၊ ​ဆော့​လော် ၊ ပန်ဝါ ၊ဖီ​မော် ၊ကံပိုက်တီး စ​သောမြို့များမှ စစ်တပ်စခန်းများ ၊စစ်တပ်လက်​အောက်ခံ ပြည်သူ့စစ်စခန်းများ ၊ နယ်ခြား​စောင့်စခန်းများကို သိမ်းပိုက်ခဲ့သည်။​ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး​နောက် နိုဝင်ဘာ ၂၈ ရက်မှစ၍ ကချင်အထူး​ဒေသ (၁) ဆို​​သောသတ်မှတ်ချက်မရှိ​တော့​ကြောင်း ကချင်လွတ်လပ်​ရေးအဖွဲ့အစည်း (KIO) က​ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

"မြစ်ကြီးနားလေဆိပ်မှာရှိတဲ့ လေယာဉ်တစီးရဲ့ အမြီးပိုင်းမှာထိတဲ့ ပုံတွေကို တင်ကြပါတယ်။ ဘယ်သူကပစ်တယ် ဘယ်ကနေပစ်တယ် ဘာလက်နက်နဲ့ပစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲတော့ မသိရသေးပါဘူး" - ဗိုလ်မှူးကြီးနော်ဘူ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်းကို အသေခံဒရုန်းနဲ့ အတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာနယ်မြေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။