Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်း စစ်ကောင်စီစခန်းဆုတ်ခွာမှု ၂၀၂၄ အတွင်း စခန်းပေါင်း ၁၃၀ကျော်ရှိဟု စစ်ကိုင်းတိုင်း ပကဖထုတ်ပြန်

၂၀၂၄ ဇန်နဝါရီမှ နိုဝင်ဘာ ၁၀ရက်အထိ နိုင်ငံတဝှမ်းလုံး စစ်ကောင်စီဘက်က ဆုတ်ခွာသွားသည့် တပ်စခန်းများအခြေအနေကို အသိပေး ဖော်ပြခဲ့ခြင်းဖြစ်သည်။

(အောက်တိုဘာအတွင်းက ကရင်ပြည်နယ်ရှိ စွယ်တော်ကုန်းတပ်စခန်းအား စစ်ကောင်စီတပ်သားများ စခန်းဆုတ်ခွာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားစဉ်။ ဓာတ်ပုံ - KNU)
(အောက်တိုဘာအတွင်းက ကရင်ပြည်နယ်ရှိ စွယ်တော်ကုန်းတပ်စခန်းအား စစ်ကောင်စီတပ်သားများ စခန်းဆုတ်ခွာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

နိုင်ငံတဝန်း၌ ယခုနှစ်အတွင်း စစ်ကောင်စီတပ် ဆုတ်ခွာသွားသည့် စခန်းကြီး၊ငယ် ၁၃၅ခုရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

၂၀၂၄ ဇန်နဝါရီမှ နိုဝင်ဘာ ၁၀ရက်အထိ နိုင်ငံတဝှမ်းလုံး စစ်ကောင်စီဘက်က ဆုတ်ခွာသွားသည့် တပ်စခန်းများအခြေအနေကို အသိပေး ဖော်ပြခဲ့ခြင်းဖြစ်သည်။

“ရန်သူဟာ ထိုးစစ်အခြေအနေကနေ ခံစစ် အခြေအနေကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ်ရမှု များပြားလာတာကို စခန်းဆုတ်ခွာမှုစာရင်းက ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖနဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နေမှုကြောင့် ယခုလို ကြီးမားတဲ့ စစ်ရေးအောင်ပွဲ ရရှိလာခြင်းဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတဝှမ်း ရန်သူ့စစ်စခန်းဆုတ်ခွာမှု စာရင်းကိုလည်းဖော်ပြထားရာ ကချင်ပြည်နယ်တွင် (၂၉)ခု၊ကရင်ပြည်နယ် (၂၁)ခု၊ မကွေးတိုင်း (၁၆)ခု၊ ရခိုင်ပြည်နယ် (၁၃)ခု၊ စစ်ကိုင်းတိုင်း (၁၂)ခု၊ ရှမ်းပြည်နယ် (၁၁)ခု၊ မန္တလေးတိုင်း (၁၀)ခု၊ တနင်္သာရီတိုင်း (၇)ခု၊ ပဲခူးတိုင်း (၇)ခု၊ ကယားပြည်နယ် (၆)ခု၊ ချင်းပြည်နယ် နှစ်ခုနှင့် နေပြည်တော်တစ်ခုတို့ ဖြစ်သည်ဟု ဆိုသည်။

မြေပြင်တွင် လက်တွေ့ရန်သူ့စခန်းဆုတ်ခွာမှု စာရင်းသည် ယခုထက်ပိုများပြားနိုင်သည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီက စခန်းစွန့်ဆုတ်ခွာသွားသည့် တပ်စခန်းများရှိသလို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တပ်စခန်းများစွာလည်းရှိသည်။

” ရှေ့လာမယ့် ကာလတွေမှာ ရန်သူ့ဘက်က အင်အားမလုံလောက်မှု၊ စစ်ရှုံးမှု များပြားလာလေ စခန်းစွန့်ခွာထွက်ပြေးရမှု ပိုများလေ ဖြစ်လာမှာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်မြေ ပိုမိုကြီးမားကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ပကဖ အဖွဲ့တွေအနေနဲ့လဲ ပြည်သူ့စစ်မဟာဗျူဟာကို စနစ်တကျ ကျင့်သုံးကာ ရန်သူကို လမ်းကြောင်းပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်း၊ ချေမှုန်းရေး တိုက်ပွဲ ဆင်နွဲခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာမှုကြောင့် ရန်သူ့စခန်း ဆုတ်ခွာရမှုတွေ ပိုမိုများပြားလာတာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။

နိုင်ငံအလယ်ပိုင်းဒေသ စစ်အခြေခံစခန်းများ၊ တပ်မ၊ တပ်ရင်းစခန်းများ၊လေတပ်စခန်းနှင့် လက်နက်စက်ရုံများ၏ ဆက်သွယ်ရေး လမ်းကြောင်း အသီးသီးကိုလည်း ပကဖအဖွဲ့များက ပုံမှန် တိုက်ခိုက် နေကြောင်း ဖော်ပြသည်။

” ရှေ့တန်းနယ်မြေလို့ ပြောလို့ရတဲ့ တောင်တန်းဒေသ နဲ့ အထက်အညာ ဒေသကို စစ်အုပ်စု ချီတက်သွားလာရေးကို ကြီးမားစွာနှောင့်ယှက် ဟန့်တားပေးနေပါတယ်”ဟု ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပူးပေါင်းတပ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်း ၁၃၈ခုကိုသိမ်းယူနိုင်ခဲ့ရာတပ်စခန်း ထက်ဝက်ကျော်ကို ၂၀၂၃ နှစ်လယ်မှ ၂၀၂၄ နှစ်လယ်အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအထဲတွင်လည်း စစ်ကောင်စီက စွန့်ခွာသွားသည့် စခန်းများလည်းပါဝင်ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ယက်(KPSN)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook