Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် – မိုးမောက်ကြား (၇)မိုင်အောင်မြေရွာ၌ KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်မြို့နယ်ကြား ၇မိုင် အောင်မြေကျေးရွာ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ရှေ့တန်းမှ ပြန်လာသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ စစ်သားများအား လိုင်ဇာလမ်းပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images၊ ပုံအဟောင်းအသုံးပြုထားပါသည်)
(ရှေ့တန်းမှ ပြန်လာသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ စစ်သားများအား လိုင်ဇာလမ်းပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images၊ ပုံအဟောင်းအသုံးပြုထားပါသည်)

ဟန်နွေ/People’s Spring

ဩဂုတ် ၁၉ရက်က မိုးမောက်မြို့နှင့် အဆိုပါမြို့အခြေစိုက် ခမရ(၄၃၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက မိုးမောက်မြို့ပြန်လည်ရရှိရေးနှင့် ဗန်းမော်မြို့ လုံခြုံရေးအတွက် တင့်ကားနှင့် ခြေလျင်ပူးပေါင်း စစ်ဆင်မှု၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်မှုများ ပြုလုပ်ကာ ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်။ ယခုရက်ပိုင်းတွင်လည်း တိုက်ပွဲနေ့စဉ်ရှိနေသည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်နဲ့ မိုးမောက်ကြား ၇မိုင် အောင်မြေကျေးရွာမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။ နှစ်ဖက် ထိခိုက်သေဆုံးမှုများနေတယ်လို့ ဒေသခံ တစ်ဦးက ပြောဆိုထားပါတယ်။ ဒါက ကျနော့်ဆီ ရောက်လာတဲ့ သတင်းပါ။ “ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် အောင်မြေကျေးရွာမှ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ နှစ်ဖက်ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘယ်ဘက်မှ မနိုင်သေးဘူး။ ဗန်းမော်ဘက်ကနေ စစ်ကူ နေ့စဉ် ထပ်ပို့တယ်။ စကစရဲ့ ဒရုန်းကြောင့် KIAဘက်လည်း ထိခိုက်သေဆံးမှုရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

မိုးမောက် -ဗန်းမော်ကြားစစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ကချင်- စစ်ကိုင်းနယ်စပ်ရှိ စစ်ကောင်စီနှင့် SNA ရှမ်းနီပူးပေါင်းတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။