Connect with us

Hi, what are you looking for?

သတင်း

ဆေးကုသနေသည့်ရဲဘော်များကို ချင်းပြည်ကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက်ကြည့်ရှု့

ချင်းပြည်ကောင်စီတပ်ဖွဲ့များသည် ဟားခါးမြို့အနီး၊ ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

(ချင်းပြည်ကောင်စီဝန်ကြီးချုပ်အဖွဲ့က ဆေးကုသမှုခံယူနေသော ရဲဘော်များအား သွားရောက်ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - GOVERNMENT OF CHINLAND)
(ချင်းပြည်ကောင်စီဝန်ကြီးချုပ်အဖွဲ့က ဆေးကုသမှုခံယူနေသော ရဲဘော်များအား သွားရောက်ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - GOVERNMENT OF CHINLAND)

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ချင်းပြည်ကောင်စီအဖွဲ့၏ ဆေးကုသမှုခံယူနေသော ရဲဘော်များကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ချင်းပြည်ကောင်စီ ဝန်ကြီးချုပ်အဖွဲ့သွားရောက်ကြည့်ရှု့ခဲ့သည်။

ဝန်ကြီးချုပ် ဦးပါထန်းနှင့်အတူ ချင်းပြည်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနှင့် ရှေ့နေချုပ်တို့ပါရှိသည်ဟု ချင်းပြည်ကောင်စီက ဖော်ပြသည်။

ဆေးကုသမှုခံယူနေသည့် ရဲဘော်အချို့အား ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှုမှုမှတ်တမ်း ဓာတ်ပုံကို ဖော်ပြထားသော်လည်း အဆိုပါ ရဲဘော်များမည်သည့်အတွက်ကြောင့် ဆေးကုသမှုခံယူနေရသည်ဆိုသည့် အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဟု ဖွဲ့စည်းကာ တော်လှန်ရေးဆင်နွှဲနေသည်။ ထို့အပြင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ပါဝင်သည့် ချင်းညီနောင်ကလည်း မဟာမိတ်အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းကာ မြို့သိမ်းစစ်ဆင်ရေးများ ဆင်နွှဲအောင်မြင်မှုရရှိထားသည်။

လက်ရှိတွင် ချင်းပြည်ကောင်စီတပ်ဖွဲ့များသည် ဟားခါးမြို့အနီး၊ ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာ ၂၅ရက်တွင် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်း ၁ခု၊ နိုဝင်ဘာ ၃၀ရက်တွင် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ စခန်း ၃ခုကို သိမ်းပိုက်ရရှိခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနှင့် အရာရှိ အချို့ အပါအဝင် ၁၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့ပြီး ၂၀ဦးကျော်ကို ချင်းပြည်အစိုးရ တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့သည်။

ဒီဇင်ဘာ ၂ရက်အထိ ဟားခါး-ထန်တလန်အကြား၌ တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံလျက်ရှိသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဟားခါး-ထန်တလန်အကြား၌ ဒီဇင်ဘာ ၂ရက် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုသည်ဟု ယူဆရကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။