Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ရဲဘော်နှစ်ဦးမောင်းနင်သည့်ကား ပစ်ခတ်ခံရသော်လည်း လွတ်မြောက်

ဒီဇင်ဘာ ၁ရက်က စ၍ ရေစကြိုမြို့နယ်အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။

(စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ပစ်ခတ်ခံရသော ရဲဘော်နှစ်ဦး၏ကားအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)
(စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ပစ်ခတ်ခံရသော ရဲဘော်နှစ်ဦး၏ကားအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တော်လှန်ရေးရဲဘော် နှစ်ဦးမောင်းနှင်လာသည့်ကားအား စစ်ကောင်စီတပ်က တားဆီးပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်လာခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၆ရက် နံနက် ၇နာရီခန့်က ပခုက္ကူ – ရေစကြိုလမ်းပေါ်၊ ပခန်းကြီးကျေးရွာအနီးတွင် တော်လှန်ရေး ရဲဘော်နှစ်ဦး မောင်းနင်လာသည့် ကားအား စစ်ကောင်စီတပ်သားများက တားဆီး ပစ်ခတ်ခံရခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရသော်လည်းမစိုးရိမ်ရကြောင်း၊ ရဲဘော် နှစ်ဦးလုံး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နောက်ချန်ကျန်တဲ့အထဲက နှစ်ယောက်နဲ့တွေ့တာ။ သူတို့က ကားကိုတားလိုက်တာ။ တားတဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်ကလည်း အရှိန်လျှော့ပေးလိုက်တယ်။ သူသေနတ်လေးအောက်ချလိုက်တဲ့အချိန် လေကာတင်ပြီး မောင်းပြီးတော့ ပြေးတာ။ ပြေးတဲ့အချိန်မှာ နောက်ကနေ လှမ်းပစ်လိုက်တာ။ တရစပ်ပစ်တဲ့အချိန်မှာ ဘေးက ရဲဘော်တစ်ယောက်က ကားခေါင်းထဲကထွက်ပြီး သေနတ်နဲ့ပြန်ပစ်လိုက်တဲ့အချိန် အဲကောင်ပြန်မပစ်နိုင်တော့ဘူး။ အဲကောင်သေနိုင်တဲ့အခြေအနေရှိတယ်။အဲကောင် မပစ်နိုင်လို့ ကျွန်တော်တို့ရဲဘော် လွတ်မြောက်လာတာ။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ကားမှာစက်နှိုး၍မရတော့၍ ထားခဲ့ရပြီး စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ် သော်လည်း ရဲဘော်နှစ်ဦးလုံး လွတ်မြောက်ခဲ့ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

သို့သော် ရဲဘော်များ စီးနင်းလာသည့် ကားတစ်စီး၊ ပစ္စတိုတစ်လက်၊ အီနာဂါဗုံးသီးအလုံး(၄၀) ခန့်၊ ကျပ်သိန်း ၄၀ ကျော်တို့ ဆုံးရှုံးခဲ့ကြောင်း ရေစကြိုပကဖက အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်မှာ စစ်ကြောင်းမှာ ပခန်းကြီးနယ်မြေရဲစခန်းအနီး တပ်ဖြန့်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက်က စ၍ ရေစကြိုမြို့နယ်အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီတ​ပ်က ကျေးရွာ ၃ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ကျေးရွာပေါင်း ခုနစ်ရွာခန့်မှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။