Connect with us

Hi, what are you looking for?

သတင်း

SOGစစ်ကြောင်းကို NUG ကာကွယ်ရေး လက်နက်တပ်ဆင်

▪︎စစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက်ကို လက်နက်တပ်ဆင်ပေးမည်ဟု PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော

(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)
(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် စစ်ဆင်ရေးများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးများဆင်နွှဲနေသည့် Special Operation Group (S.O.G)စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် လက်နက်တပ်ဆင်မှု အခမ်းအနား ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် SOGစစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက် (အင်အား စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း)ကို လက်နက်တပ်ဆင်ရန် သဘောတူညီထားရာ ဒီဇင်ဘာ ၇ရက်တွင် ၂၀ရာခိုင်နှုန်းကို ပထမသုတ်အနေဖြင့် လက်ခံရရှိခဲ့ဟု SOGက အသိပေးသည်။

(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)
(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)

အဆိုပါ လက်နက်တပ်ဆင်မှု အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒုတိယစစ်ဒေသမှူး(၂) ရဲဘော်စောရှား တက်ရောက်ခဲ့ရာ လက်နက်တပ်ဆင်ရန် ကျန်ရှိနေသော ရဲဘော်အင်အား၏ ၃၀ ရာခိုင်နှုန်းကို ဒုတိယအကြိမ် အဖြစ် အပ်နှင်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

SOG စစ်ကြောင်းအနေဖြင့် NUG၏ ညွှန်ကြားချက်နှင့်အညီ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းဆောင်တာများကို ဆက်လက်‌၍ အရှိန်အဟုန်မြှင့်ကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

SOGအနေဖြင့် ယခုနှစ်အတွင်း KNLA တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဖိုးချိမှူးစခန်းသိမ်းတိုက်ပွဲ၊ ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ၊ ရေတလျောက်စခန်း နှင့် ကွီလုံတိုင် စခန်း၊ မြ၀တီမြို့နယ်ရှိ စုကလိစခန်း သိမ်းတိုက်ပွဲများ၌ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

Facebook