Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်ဖွဲ့များဆုတ်ခွာခဲ့ရသော မတ္တရာအနောက်ခြမ်းရှိ ကျေးရွာသုံးရွာကို မန္တလေးPDF ပြန်သိမ်းပိုက်

တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − မန္တလေး PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − မန္တလေး PDF)

ဇေအောင်/People’s Spring

တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသော မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာသုံးရွာအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့အနောက်ဘက် (၇)မိုင်ခန့်သာ ကွာဝေးသော ဝန်စုကျေးရွာနှင့် ရွာသစ်ကျေးရွာ၊ ထိန်ပင်စောက်ကျေးရွာတို့ကို ပြန်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝန်စုကျေးရွာနှင့် ရွာသစ်ကျေးရွာမှာ ကပ်လျပ်တည်ရှိပြီး အဆိုပါ ကျေးရွာမှာ နယ်မြေချင်းထိစပ်သည်။

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသောကြောင့် ဒီဇင်ဘာ ၆ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနှင့် ထိန်ပင်စောက်ကျေးရွာတို့ရှိ စစ်ကောင်စီစခန်းများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေးPDF က ယနေ့(ဒီဇင်ဘာ ၉ရက်)တွင် အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

“ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်။ အလောင်းသိမ်းဆည်းရမှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ဒဏ်ရာရသူအချို့ ရှိပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့ အနောက်ခြမ်း၌ ပြီးခဲ့သည့် နိုဝင်ဘာတတိယပတ်အတွင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အထိနာ၍ လေကြောင်းပစ်ကူဖြင့်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှာ ယာယီဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။

“အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီစခန်း လုံးဝမရှိတော့တာတော့ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးအဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာ သုံးရွာကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ယခု သိမ်းပိုက်ခံရသော ကျေးရွာစခန်းများရှိ စစ်ကောင်စီတပ်သားများမှာ ဥဒိန်ကျေးရွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

“အဲဒီနေ့ကတိုက်ပွဲက နည်းနည်းတော့ကြမ်းတယ်ပြောတယ်။ အနောက်ခြမ်းက ပြည်သူဝင်လို့မရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ၈ရက်)က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဆင်ကုန်းရွာနှင့် ပိုဝမြောက်ကျေးရွာကို စစ်တပ်က မီးထပ်ရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂ ရက်ကလည်း မန္တလေး PDF ထိန်းချုပ်စိုးမိုးထားသည့် မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ် အထိနာခဲ့သည်။

မန္တလေးPDF သည် ယခုနှစ်ဇူလိုင်လမှစ၍ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄၀နီးပါးအား သိမ်းပိုက်ရရှိထားသည်။

မန္တလေးPDF နှင့် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ်အပြင် သပိတ်ကျင်းနှင့် နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေသော်လည်း အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။