နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ ကျေးနယ်တစ်နယ်ကို လာမယ့် စစ်မှုထမ်းအပတ်စဉ်အတွက် တပ်သားသစ် တစ်ဦးစီ ပေးဖို့ စစ်ကောင်စီတပ်က ကောက်ခံနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်မှာထုတ်ပြန်ပါတယ်။
လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှုးတွေကိုတွေကို စစ်ကောင်စီက လှိုင်းဘွဲ့မြို့နယ် စစ်ဗျုဟာရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်က ခေါ်ယူတွေ့ဆုံပြီး တပ်သားသစ် ပေးဖို့ ကောက်ခံတာလို့ KNU က ဆိုထားပါတယ်။
လာမယ့် စစ်မှုထမ်း အပတ်စဉ် (၈ )အတွက် တပ်သားသစ်စာရင်းကို မနက်ဖြန် ဒီဇင်ဘာလ (၁၂ ) ရက်နောက်ဆုံးထားပြီး စာရင်းပေးဖို့ ဗျုဟာမှုးဗိုလ်မှုးကြီး စိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှုးတွေကိုအမိန့်ပေးခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။
ကျေးနယ်တစ်ခုကို လူတစ်ဦးစီ ပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ယောက်အစား ကျပ်ငွေသိန်း(၃၀) ပေးရမှာဖြစ်ပြီး မလိုက်နာနိုင်ရင် မြို့အဝင်အထွက်ဂိတ်တွေကနေ အဆင်ပြေသလို ပေါ်တာဆွဲမယ်ဆိုတာကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားတယ်လို့လည်း KNU ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါကြောင့် လှိုင်းဘွဲ့မြို့နယ် ၊ကျေးနယ်တွေမှာ နေထိုင်တဲ့ လူထုတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း KNU ကဆိုပါတယ်။
စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် ကောက်ခံမယ့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အာဏာစိုးမိုးသက်ရောက်တဲ့ ဒေသလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ