Connect with us

Hi, what are you looking for?

သတင်း

လှိုင်းဘွဲ့မှာ တပ်သားသစ်စုဆောင်းပေးဖို့ စစ်တပ်ဖိအားပေး

စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် ကောက်ခံမယ့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အာဏာစိုးမိုးသက်ရောက်တဲ့ ဒေသလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို တွေ့ရပုံ
စစ်ကောင်စီတပ်က စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို တွေ့ရပုံ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ ကျေးနယ်တစ်နယ်ကို လာမယ့် စစ်မှုထမ်းအပတ်စဉ်အတွက် တပ်သားသစ် တစ်ဦးစီ ပေးဖို့ စစ်ကောင်စီတပ်က ကောက်ခံနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်မှာထုတ်ပြန်ပါတယ်။

လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှုးတွေကိုတွေကို စစ်ကောင်စီက လှိုင်းဘွဲ့မြို့နယ် စစ်ဗျုဟာရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်က ခေါ်ယူတွေ့ဆုံပြီး တပ်သားသစ် ပေးဖို့ ကောက်ခံတာလို့ KNU က ဆိုထားပါတယ်။

လာမယ့် စစ်မှုထမ်း အပတ်စဉ် (၈ )အတွက် တပ်သားသစ်စာရင်းကို မနက်ဖြန် ဒီဇင်ဘာလ (၁၂ ) ရက်နောက်ဆုံးထားပြီး စာရင်းပေးဖို့ ဗျုဟာမှုးဗိုလ်မှုးကြီး စိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှုးတွေကိုအမိန့်ပေးခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကျေးနယ်တစ်ခုကို လူတစ်ဦးစီ ပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ယောက်အစား ကျပ်ငွေသိန်း(၃၀) ပေးရမှာဖြစ်ပြီး မလိုက်နာနိုင်ရင် မြို့အဝင်အထွက်ဂိတ်တွေကနေ အဆင်ပြေသလို ပေါ်တာဆွဲမယ်ဆိုတာကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားတယ်လို့လည်း KNU ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါကြောင့် လှိုင်းဘွဲ့မြို့နယ် ၊ကျေးနယ်တွေမှာ နေထိုင်တဲ့ လူထုတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း KNU ကဆိုပါတယ်။

စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် ကောက်ခံမယ့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အာဏာစိုးမိုးသက်ရောက်တဲ့ ဒေသလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၃၇၁) အမြောက်တပ်က တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ Yaw Revolution Army(YRA ထီးလင်း)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က စစ်ကောင်စီရဲ့ ခလရ(၂၈၀) တပ်ရင်းက တပ်သား ၄ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံ အလင်းဝင်လာပါတယ်။

သတင်း

ကရင်ပြည်နယ် ၊လှိုင်းဘွဲမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင်တာ ၊ သိုလှောင်တာတွေကို မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ထွေအုပ်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ပိတ်ပင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။