Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသည်ဆိုသော စစ်ကောင်စီတပ်သားများနှင့် ပျူစေားထီးများအား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဇီးကုန်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
ဇီးကုန်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စုသို့လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမအခြေပြုတပ်ခွဲ BTZM(GBK)PDF တပ်ဖွဲ့တာဝန်ခံက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသည်ဆိုသော စစ်ကောင်စီတပ်သားများနှင့် ပျူစေားထီးများအား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဆိုင်ကယ်က များတယ်။ အစီး ၂၀လောက်ရှိမယ်။ အရင်ဆုံးရှေ့ပွိုင့်က နှစ်ယောက်စီးတယ်။ နောက်က (ဆိုင်ကယ်တစ်စီး)သုံးယောက်။ ပွိုင့်ကျော်တဲ့အချိန် နောက်သုံးယောက်နဲ့ နောက်ယဥ်တန်းကသူတွေ(မိုင်း)ဆွဲမိတာ”ဟု BTZM(GBK)PDF တပ်ဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ချိန်အတွင်း အပြန်လှန်ပစ်ခတ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားနှင့် ပျူအဖွဲ့မှ တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဆေးရုံတွင် ထပ်မံသေဆုံးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီကောင်တွေကို သယ်နေတာမြင်နေရတာဗျ။ နောက်ဆက်တွဲ နှစ်ယောက်ထပ်သေတာက အတွင်းသတင်းရထားတာပါ”ဟု BTZM (GBK)PDF တာဝန်ခံက ရှင်းပြသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့နှင့် BTZM(GBK)PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။