Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းရှိ တဇောက်ချောင်းတံတားရဲကင်းစခန်း တိုက်ခိုက်ခံရ

ရန်ကုန် − မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတားရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)
(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)

အင်ကြင်း/People’s Spring

ယမန်နေ့(ဒီဇင်ဘာ ၁၂ရက်) ညနေ ၃နာရီခန့်က နွားထိုးကြီးမြို့နယ်အတွင်းရှိ ရန်ကုန် − မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကူများရောက်ရှိလာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု နွားထိုးကြီး PDFက ထုတ်ပြန်သည်။

Shar Htoo Waw Fixed Wingနည်းပညာသုံး ဒရုန်းများဖြင့် ဗုံးကြဲပြီး ​မြေပြင်မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း နွားထိုးကြီး PDFက ထုတ်ပြန်သည်။

ရန်သူ့ဘန်ကာအနီးထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကူများ ရောက်ရှိလာခြင်းကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်၍ဆုတ်ခွာခဲ့ရကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)
(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် လေးဦး မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုရှိပြီး လူနာတင်ယာဥ် ၂ စီးဖြင့် မိတ္ထီလာမြို့ဘက်သို့ တင်ဆောင်သွားကြောင်း နွားထိုးကြီး PDFက ထပ်မံ အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန် ခရီးသွားယာဥ်များ အချိန်အနည်းငယ်ကြာ ရပ်တန့်စောင့်ဆိုင်းခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“၂ နာရီလောက်တော့ကြာသွားတယ်။ ပြင်စည်ဂိတ်နဲ့လည်းသိပ်မဝေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)
(အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − File)

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နွားထိုးကြီးPDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နှင့် MDDSတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း နွားထိုးကြီး PDF သည် အမြန်လမ်းအနီးရှိ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံရှိ စစ်အုပ်စုအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။