Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအ​နောက်ခြမ်းကရွာ​တွေကိုစစ်တပ်ကတပ်စွဲပြီး ပစ္စည်း​တွေခိုးယူကာ​နေအိမ်​တွေကိုမီးရှို့

မတ္တရာမြို့နယ်ကို စစ်တပ်က စစ်ကူထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာမို့ရှောင်တိမ်းနေရတဲ့ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေတယ်လို့သိရပါတယ်။

(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-CJ)
(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-CJ)

ရှိန်း/People’s Spring

မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်ကအထိုင်ချတပ်စွဲပြီးတော့ အိမ်​မွေးတိရစ္ဆာန်နဲ့ ပစ္စည်းတွေကိုခိုးယူသယ်​ဆောင်ကာနေအိမ်တွေကို နေ့စဥ်နီးပါးမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းမြစ်ကမ်းအနီးကကျေးရွာတွေကို နိုဝင်ဘာလအတွင်းမှာ စစ်တပ်ကသိမ်းယူသွားပြီး ယနေ့ (ဒီဇင်ဘာ ၁၃)အထိ တောင်သူတွေနေအိမ်ကနွား၊လှည်း၊လှေ၊အိမ်သုံးပစ္စည်းမျိုးစုံကို မတ္တရာမြို့ဘက်ကို ခိုးယူနေကြတာဖြစ်ပါတယ်။

“နွားတကောင်ကို ၃သိန်းကျော်လောက်နဲ့ လမ်းတင်အဝယ်ရှိရင်လည်းရောင်းသွားတယ်တဲ့။ကားတွေနဲ့ ရှိသမျှအကုန်ကိုသယ်နေတာ။သယ်ပြီးမှ မီးရှို့တာ”လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ပြီးသားနေအိမ်တွေက သံတို၊သံစတွေကိုလည်း စစ်သား​တွေနဲ့အတူလာတဲ့ပျူစောထီးတွေ၊မိသားစုတွေက ခိုးယူပြီး မတ္တရာမြို့ဘက်ကိုထော်လာဂျီတွေနဲ့ပြန်ပို့နေတာလို့သိရပါတယ်။

“နေ့တိုင်းတရွာမဟုတ်တရွာမီးခိုးတွေမြင်နေရတာပဲ”လို့ ရှောင်တိမ်းနေရတဲ့အမျိုးသမီးတဦးကပြောပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က စစ်ကူထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာမို့ရှောင်တိမ်းနေရတဲ့ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ မတ္တရာအနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုစစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့သိရပါတယ် ။

ယခင်က ​ဒေသခံကာကွယ်​ရေးတပ်​တွေ နဲ့ ပကဖ ​တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်းကရွာ​တွေကို စစ်​ကောင်စီတပ်က နိုဝင်ဘာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ​ကြောင့်​ဒေသခံကာကွယ်​ရေးတပ်​တွေပြန်ဆုတ်​ပေးခဲ့ရပါတယ် ။

မတ္တရာမြို့နယ် အ​​ရှေ့ခြမ်းကို​တော့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) က စစ်စခန်း​ပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ ။မတ္တရာအ​ရှေ့ခြမ်းကို စစ်​ကြောင်းထိုးတဲ့စစ်သား​တွေကို မန္တ​လေးPDF အကြိမ်ကြိမ်လန်ကျသွား​အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ဒါအပြင် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့​တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ရွာ​တွေထဲက ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာ​တွေက စစ်​ကောင်စီတပ်ကို မန္တ​လေးPDF ကထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့မန္တ​လေးPDF ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။