Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ နှစ်လခွဲအတွင်း စစ်ရှောင် ၂၀ ဦးခန့် ဆုံးပါး

ကလေးငယ်တွေနဲ့ အသက် ၆၀ အထက် လူကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ ၊ ရာသီတုပ်ကွေး ဖြစ်ပွားတာ လည်း ခံစားနေရတယ်လို့သိရပါတယ်။

ငါန်းဇွန်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပုံ
ငါန်းဇွန်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ နှစ်လခွဲကာလအတွင်း စစ်ရှောင်ပြည်သူတွေထဲက အာဟာရပြတ်လပ် တာနဲ့ လုံလောက်တဲ့ဆေးကုသမှုမရလို့ အသက်ဆုံးပါးရသူ ၂၀ ဦးထိရှိလာပြီလို့ စစ်ရှောင်ကူညီစောင့်ရှောက်ကြသူအချို့ထံကသိရပါတယ်။

စစ်ရှောင်ရတဲ့ရွာတွေဟာ ငါန်းဇွန်မြို့နယ်အတွင်းက ရွာတွေအပြင် ၊ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်အစပ်က ရွာတွေပါ ပါဝင်ကြပြီး ဒေသခံ ပြည်သူ တစ်သောင်းခန့် နေရပ်မပြန်နိုင်တာ ရက် ၁၀၀ ကျော်ရှိလာပါပြီ။

ငါန်းမြာကြီး၊ မြေတိုင်း၊ သကျင်း၊ ဂျပန်ကျွန်း၊ မိုးတောင်၊ စံပြ၊ ကုန်းလည်းစတဲ့ ကျေးရွာတွေက ပြည်သူတွေ ဟာ ဧရာဝတီမြစ် ရေလယ်ကျွန်းတွေမှာ တိမ်းရှောင်နေရတာပါ။

Public Service Announcement

Public Service Announcement

ရေလယ် ကျွန်းတွေပေါ်မှာ အမိုး၊အကာ မလုံလောက်ဘဲ နေထိုင်ရတာကြောင့် ကျန်းမာရေးထိခိုက်လာ ပြီး ရောဂါအခံ ရှိကြသူတွေ ဝေဒနာ ပိုဆိုးရွားကြတယ်လို့ စစ်ရှောင်ကူညီသူအမျိုးသား က ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလကနေ လက်ရှိဒီဇင်ဘာလ ၁၄ ရက်အထိ စစ်ရှောင်တွေထဲ အာဟာရ ပြတ်လပ်တာ နဲ့ လုံလောက်တဲ့ဆေးကုသမှုမရလို့ ဆုံးပါးသွားတဲ့ စစ်ရှောင် ဦးရေ ၂၀ထိရှိလာတယ်လို့သိရပါတယ်။

အသက်ဆုံးပါးရသူတွေထဲမှာ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပါတယ်။ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေရဖို့ ဆက်လက်စုံစမ်းနေဆဲပါ။

လက်ရှိမှာလည်း ကလေးငယ်တွေနဲ့ အသက် ၆၀ အထက် လူကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ ၊ ရာသီတုပ်ကွေး ဖြစ်ပွားတာ လည်း ခံစားနေရတယ်လို့သိရပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ရဲ့ မြေပြင်က စစ်ကြောင်းထိုးတာ ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။