Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင် နှင့် မြောက်အဓိကဆက်သွယ်ထားသောတံတားကို စစ်ကောင်စီဗုံးကြဲဖျက်ဆီး

စစ်ကောင်စီက ဒီဇင်ဘာလ ၇ရက်ညမှစ၍ ဒရုန်းဖြင့် ဓာတုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု DPLA ကထုတ်ပြန်သည်။ ထိုနောက်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်​နေ့တွင်အပြင်းထန်ဆုံးဖြစ်နေခြင်းဟု​ဒေသခံအချို့က​ပြောသည်။

(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)

■ကျောက်ဂူဒေသ တိုက်ပွဲပြင်းထန်​နေ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ယ‌နေ့(ဒီဇင်ဘာ ၁၈) တိုက်ပွဲပြင်းထန်နေပြီး ရှမ်းတောင်နှင့် ရှမ်းမြောက်အဓိက ဆက်သွယ်ထားသော ကျောက်ဂူရွာအဝင်တံတားကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်။

တိုက်ပွဲသည် ဒီဇင်ဘာ ၁၈ ရက်​​နေ့ နံနက်အစောပိုင်းမှစတင်ခဲ့ပြီး နေ့လယ်၁၂နာရီခန့်တွင် အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။နေ့လယ်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)

“တံတားကို ပစ်ချသွားတာ။ ကားကြီးတွေသွားလို့မရတော့ဘူး။ တိုက်ပွဲကလည်း တော်တော်လေးကိုပြင်းထန်ခဲ့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတံတားသည်ရပ်စောက်-‌ဗထူး-အင်တော-ကျောက်ဂူ-နောင်ချို-နမ့်လန်-လားရှိုး-ကျောက်မဲမြို့များကိုဆက်သွယ်ထားသည့် လမ်းပိုင်းမှ အရေးပါသည့်တံတားဖြစ်သည်။

တိုက်ပွဲဖြစ်ရာနေရာသည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။ တိုက်ပွဲနှင့်ပတ်သက်၍ DPLA က သတင်းမထုတ်ပြန်သေးပေ။

(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)
(​ကျောက်ဂူရွာအဝင် တံတားကို စစ်​ကောင်စီက ဗုံးကြဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-CJ)

ကျောက်ဂူဒေသတွင် အမြောက်တပ်(အမတ ၃၄၉)၊ ခလရ (၂၉၂)နှင့် နောင်ချိုမြို့နယ်တောင်ခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့် DPLAသည် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၉ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅၀ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု DPLAက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဒီဇင်ဘာလ ၇ရက်ညမှစ၍ ဒရုန်းဖြင့် ဓာတုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု DPLA ကထုတ်ပြန်သည်။ ထိုနောက်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်​နေ့တွင်အပြင်းထန်ဆုံးဖြစ်နေခြင်းဟု​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။