Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် အ​ကြွေးပိုထူလာ

အကြွေးပိလာသည့် စစ်ကောင်စီက ၎င်းတို့ရုံးအတွင်း အသုံးစရိတ်ကို အနည်းဆုံးလိုအပ်ချက်ကိုသာဝယ်ယူရမည်ဟုလည်း ညွန့်ကြားထားသည်။

(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စီးပွား​ရေးနှင့်ပတ်သက်​သော ညွှန်းကိန်းအားလုံးတွင် မြန်မာနိုင်ငံမှာ ​အောက်ဆုံး​ရောက်​နေသည်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စီးပွား​ရေးနှင့်ပတ်သက်​သော ညွှန်းကိန်းအားလုံးတွင် မြန်မာနိုင်ငံမှာ ​အောက်ဆုံး​ရောက်​နေသည်။ဓါတ်ပုံ-စစ်​ကောင်စီ)

တာရာ/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ကြွေးမြီပမာဏမြင့်တက်လာပြီး အရပ်သားအစိုးရလက်ထက်ထက် ၅၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ၂၀၂၄-၂၅ ရသုံးမှန်းချေငွေစာရင်းတွင် ဖော်ပြထားသည်။

စစ်တပ်အာဏာမသိမ်းခင်း အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်း/ပြည်ပသို့ပေးဆပ်ရမည့် ကြွေးမြီပမာဏမှ ကျပ်ဘီလီယံ ၄၇,၀၀၀ ကျော်သာရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း/ပြည်ပသို့ပေးဆပ်ရမည့် ကြွေးမြီ ကျပ် ဘီလီယံ ၇၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်ဟု အဆိုပါစာရင်းများတွင်ဖော်ပြထားသည်။

ထိုကြွေးမြီများအနက် ပြည်တွင်းကို ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီမှာ အများဆုံးဖြစ်ပြီး ကျပ်ဘီလီယံ ၅၀,၀၀၀ ခန့်ရှိသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်းကို ပြန်လည်ပေးဆပ်ရမည့် အကြွေးမှာ စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာမသိမ်းခင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီမှာ ကျပ်ဘီလီယံ ၃၀,၀၀၀ ကျော်သာရှိခဲ့သည်။

ပြည်ပကို ပေးဆပ်ရမည့် ကြွေးမြီမှာ ကျပ်ဘီလီယံ ၂၁,၀၀၀ရှိပြီး အာဏာမသိမ်းခင်ကာလနှင့်နှိုင်းယှဉ်ပါက နှစ်ဆနီးပါး ကျပ် ဘီလီယံ ၄,၀၀၀ မြင့်တက်လာခြင်းဖြစ်သည်။

“အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ပြည်တွင်းမှာ ငွေတိုက်စာချုပ်ရောင်းတာမျိုးနဲ့ ဘတ်ဂျတ်လိုငွေကို ဖြည့်တင်းခဲ့တာများတယ်။ ပြည်ပက ချေးငွေလည်း ထင်သလောက်မရခဲ့ဘူး။”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုကြွေးမြီပမာဏသည် နိုင်ငံတော်ဂျီဒီပီနှင့်အချိုး ၅၀ ရာခိုင်နှုန်းရှိသည်ဟုလည်း စစ်ကောင်စီကထုတ်ပြန်သည့် စာရင်းတွင်ဖော်ပြထားသည်။

အကြွေးပိလာသည့် စစ်ကောင်စီက ၎င်းတို့ရုံးအတွင်း အသုံးစရိတ်ကို အနည်းဆုံးလိုအပ်ချက်ကိုသာဝယ်ယူရမည်ဟုလည်း ညွန့်ကြားထားသည်။

ပစ္စည်းများဝယ်ယူရာတွင်လည်း ကျပ်ငွေဖြင့်သာ ဝယ်ယူရန်နှင့် နိုင်ငံခြားငွေသုံးဆွဲမှုလျော့ချရန်လည်း ညွန့်ကြားထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ်တွင် ယခင်နှစ်ကထက် GDP ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့​သော်လည်း လက်​တွေ့တွင်GDP ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။