Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများတွင် ရဲများ အလွယ်လက်နက်မချရန်မြစ်ကြီးနားမြို့သွား၍ ရဲချုပ် စည်းရုံးနေ

ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း၌ ရောက်ရှိလာခြင်းဖြစ်သည်။

(ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး။ ဓါတ်ပုံ-စစ်​ကောင်စီ)
(ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး။ ဓါတ်ပုံ-စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အခြေစိုက်သည့် မြစ်ကြီးနားမြို့တွင် စစ်​ကောင်စီ ရဲတပ်ဖွဲ့ရဲချုပ်က ရဲစခန်းများကို လိုက်လံစစ်ဆေးပြီး တိုက်ပွဲဖြစ်လာလျင် အလွယ်တကူလက်နက်ချ အလံဖြူမ​ထောင်ရန် စည်းရုံး​နေ​သည်။

ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း၌ ရောက်ရှိလာခြင်းဖြစ်သည်။

“အဓိကက ဘာတွေဆွေးနွေးလဲမသိရပေမယ့် မြစ်ကြီးနားမှာ တိုက်ပွဲဖြစ်ရင် ရဲတွေ မပြေးကြဖို့ ထည့်ပြောတာရှ်ိတယ်။ ဒါက သူတို့ရဲတွေ အဓိကသိလိမ့်မယ်။ ရဲချုပ်က၂ရက်နေမယ်။ မနက်ဖြန်(ဒီဇင်ဘာ ၂၄) ပြန်မယ်” ဟု မြစ်ကြီးနားမြို့ ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော် KIAသည်ကချင်ပြည်နယ်၏ဒုတိယမြို့တော် ဗန်းမော်မြို့ကို ဒီဇင်ဘာလ၄ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက် ပြီး စစ်တပ် တပ်စွဲရာ​နေရာအများအပြားကိုသိမ်းပိုက်ကာာစစ်တပ်ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်​နေ

သည်။ ကချင်ပြည်နယ်မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့ကို စစ်ကောင်စီက ခံစစ်ပြင်နေကြာင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

လက်ရှိ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှာ ဗိုလ်ချုပ် အောင်ဇော်ထွေးဖြစ်သည်။ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၏ ယခုခရီးစဉ်တွင် ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်လည်းတွေ့ဆုံခဲ့သည်။

ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဟောင်းဖြစ်သည်။ သြဂုတ်လကထိ ရဲတပ်ဖွဲ့ဒုတိယရဲချုပ်အဖြစ်ရှိခဲ့သည်။

MNDAA၏ လာရှိုးမြို့သိမ်းစစ်ဆေးရေးနှင့်ဆက်စပ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုစစ်ကောင်စီက ဩဂုတ်လ ၃ရက်၌ ရာထူးမှဖြုတ်ချပြီး ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်ခဲ့သည်။ ထိုအခါ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးအဖြစ် ရဲချုပ်ဖြစ်လာသည်။

ကချင်ပြည်နယ်သည်မူးယစ်ဆေး၊ သစ်၊ ကျောက်စိမ်းလုပ်ငန်းများဖြင့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိနှင့်ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုအများဆုံးဒေသ၌ပါဝင်သည်။ ထို့အပြင် KIA၏ စစ်ရေးစွမ်းရည်ကိုလည်း ရဲတပ်ဖွဲ့ဝင်များကအထင်ကြီးသည်။ မြစ်ကြီးနားမြို့ကို KIAက တိုက်ခိုက်လာပါက ရဲတပ်ဖွဲ့ဝင်များ အလွယ်တကူလက်နက်ချမည့်သတင်းများထွက်ပေါ်နေသည်။ ထိုအခြေအနေကို စိုးရိမ်မှုကြောင်း ရဲချုပ်ကိုယ်တိုင် မြစ်ကြီးနားမြို့သို့ဆင်းလာခြင်းဟု သတင်းရရှိသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှ ရဲတပ်သားတစ်ဦး၏အမျိုးသမီးက ” အဘ(ရဲချုပ်) မြစ်ကြီးနားကိုရောက်နေတာ ဟုတ်တယ်။ ရဲတွေရဲ့အခက်အခဲကို တင်ပြခွင့်မရပါဘူး။ ဘာမှလည်းမမေးပါဘူး။ အဓိကက အလံဖြူမထောင်ဖို့ပဲ အဓိကပြောတာ။ လက်တွေ့တော့မကျပါဘူး”ဟုပြောသည်။

စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်အင်အားအများပြားကို ဒီဇင်ဘာလဒုတိယလပတ်မှစ၍မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ပို့ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။