Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်မြို့ရဲ့ ထိုင်းဘက်ဆီကူးသန်းရာဂိတ်တွေကိုပိတ်ပင်

ရွှေကုက္ကိုလ်မြို့သစ်ဟာ ဆိုရင် နယ်ခြားမြစ် သောင်ရင်းမြစ်ကမ်းပါးမှာရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေ ရာနဲ့ချီရှိတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ရွှေကုက္ကိုလ်မြို့ရဲ့ ထိုင်းဘက်ဆီကူးသန်းရာဂိတ်တွေကိုပိတ်ပင်
ရွှေကုက္ကိုလ်မြို့ရဲ့ ထိုင်းဘက်ဆီကူးသန်းရာဂိတ်တွေကိုပိတ်ပင်

နိုင်ပကောင်း/People’s Spring

ဝမ်းရောဂါကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ ကရင်ပြည်နယ် ၊မြဝတီမြို့ ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ထိုင်းဘက်ဆီကူးသန်းရာ သောင်ရင်းမြစ်ရှိ အောက်လမ်းဂိတ်တွေကိုပိတ်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“အဝင်အထွက်က စက်လှေဂိတ်ပိတ်လိုက်ပြီ ၊ ကုန်ကားတွေသွားတဲ့ ဂိတ်ကြီးတော့ မပိတ်ဘူး ၊ စစ်သား(BGF)တွေကတော့ ဒီအတိုင်းပဲ ပတ်ကင်းသဘောမျိုး လိုက်ပတ်တာတော့ရှိတာပေါ့” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ထဲမှာလည်း လမ်းဘေးအစားအသောက်ရောင်းချတဲ့ဆိုင်တွေကို ပိတ်ထားရပြီး ရွှေကုက္ကိုလ်မြို့သစ်ရှိ (သီတဂူ ချစ်သူ)ဆေးရုံမှာ ဝမ်းရောဂါဖြစ်ပွားသူ လူရာဂဏန်း တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြို့တွင်းက စားသောက်ဆိုင်ကြီးတွေ ပိတ်ထားတာမရှိဘဲ အသွားအလာ ပုံမှန်အတိုင်းရှိနေတယ်လို့ ဒေသခံက အသိပေးပါတယ်။

အရည်ဝမ်း နှစ်ကြိမ်နဲ့အထက်သွားတာ ၊အန်တာ ၊ဖျားနာတာ ၊ဗိုက်အောင့်တာတွေခံစားနေရရင် သီတဂူချစ်သူဆေးရုံနဲ့ နီးစပ်ရာ ဆေးခန်းတွေမှာ အမြန်ဆုံးသွားရောက်ပြသဖို့ BGF က အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားတယ်လို့လည်းသိရပါတယ်။

မြန်မာဘက်ခြမ်း ရွှေကုက္ကိုလ်မှာ ဝမ်း ရောဂါကြောင့် လူ ၂ ဦး သေဆုံးခဲ့ရသလို ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ပြည်နယ်အတွင်းမှာလည်း ပိုးတွေ့လူနာ ၂ ဦးကို ဆေးရုံတင်ထားရကြောင်း ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားတယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြပါတယ်။

မြန်မာ – ထိုင်းနယ်စပ် အနီးကရင်ပြည်နယ်​၊ မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ်(BGF) ကထိန်းချုပ်ထားတာပါ။

ရွှေကုက္ကိုလ်မြို့သစ်ဟာ ဆိုရင် နယ်ခြားမြစ် သောင်ရင်းမြစ်ကမ်းပါးမှာရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေ ရာနဲ့ချီရှိတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

မြန်မာဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ဝမ်းရောဂါကူးစက်ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်က တောလမ်းတွေကို ကြပ်ကြပ်မတ်မတ် ပိတ်ထားဖို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။