Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်း၌ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါအမြန်လမ်းအနီးရှိ ဒေါင့်ဘိုးကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်)နံနက်ပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)တွင် နွားထိုးကြီး PDFက ယာဉ်များအား လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ညနေ ၆ နာရီခွဲခန့်တွင် အဆိုပါ အမြန်လမ်းအနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဒေါင့်ဘိုးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ – CJ)

“ရွာလယ်ခေါင် အိမ်ပေါ်တည့်တည့်ကျတယ်။ အိမ်ရှင် အမျိုးသားခေါင်းပြတ်သွားတယ်။ နောက်ထပ်နှစ်ဦးလည်းထိတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

နွားထိုးကြီး PDFသည် ခရီးသွားများအား တွေ့ဆုံပြီး မကြာမီတိုက်ပွဲများရှိလာတော့မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ ခရီးမသွားကြရန်၊တိုက်ပွဲနှင့် တိုးလျှင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံသည့် နေရာတွင် နေထိုင်ကြရန် တွေ့ဆုံပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။