Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်း၌ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါအမြန်လမ်းအနီးရှိ ဒေါင့်ဘိုးကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်)နံနက်ပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)တွင် နွားထိုးကြီး PDFက ယာဉ်များအား လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ညနေ ၆ နာရီခွဲခန့်တွင် အဆိုပါ အမြန်လမ်းအနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဒေါင့်ဘိုးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပျက်စီးခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ – CJ)

“ရွာလယ်ခေါင် အိမ်ပေါ်တည့်တည့်ကျတယ်။ အိမ်ရှင် အမျိုးသားခေါင်းပြတ်သွားတယ်။ နောက်ထပ်နှစ်ဦးလည်းထိတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

နွားထိုးကြီး PDFသည် ခရီးသွားများအား တွေ့ဆုံပြီး မကြာမီတိုက်ပွဲများရှိလာတော့မည်ဖြစ်၍ ပြည်သူများ မလိုအပ်ဘဲ ခရီးမသွားကြရန်၊တိုက်ပွဲနှင့် တိုးလျှင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံသည့် နေရာတွင် နေထိုင်ကြရန် တွေ့ဆုံပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)အနီးရှိ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။