Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီ၏ ဂုဏ်ပြုကြေညာချက် ကြိုဆိုကြောင်း ချင်းညီနောင်အဖွဲ့ဝင်များ တုံ့ပြန်

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား ပြဿနာအချို့ရှိခဲ့မှုနှင့်ပတ်သက်ပြီးလည်း နှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိနေသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူအချို့က ဖွင့်ဟထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CDF မင်းတပ်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CDF မင်းတပ်)

ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့်မဟာမိတ်များက ချင်းပြည်နယ် မင်းတပ်နှင့်ကန်ပက်လက်မြို့အား သိမ်းပိုက်နိုင်မှု အပေါ် လေးမြတ်စွာဂုဏ်ပြုကြောင်း ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ချင်းပြည်ကောင်စီက ဒီဇင်ဘာ ၂၄ရက်တွင် ကြေညာခဲ့ရာ ယင်းထုတ်ပြန်မှုအပေါ် ကြိုဆိုကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက တုံ့ပြန်သည်။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့အကြား နိုင်ငံရေးအရ ကွဲလွဲမှု၊ စစ်ရေးအရထိတွေ့ တိုက်ပွဲအချို့နှင့် ပြဿနာအချို့ရှိခဲ့သော်လည်း ချင်းညီနောင်က ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်၊ ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့များအား သိမ်းပိုက်နိုင်မှုအပေါ် ချင်းပြည်ကောင်စီက ဂုဏ်ပြုကြောင်း ကြေညာခဲ့သည်။

ချင်းပြည်ကောင်စီ၏ ကြေညာချက်သည် စစ်ကို စစ်နှင့်တူအောင် တိုက်သည့်အပေါ် အသိအမှတ် ပြုခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်အနေဖြင့်လည်း အခြားသော တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုများအတွက် ဝမ်းသာဂုဏ်ယူအားပေးမှုများရှိခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်နှင့် ချင်းညီနောင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းယောမာန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ ချင်းတော်လှန်ရေး အင်အားစုအချင်းချင်း အသိအမှတ်ပြုကြတာ ကောင်းတယ်လို့ မြင်ပါတယ်”ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းညီနောင်တာဝန်ရှိသူ အခြားတစ်ဦးကလည်း ချင်းပြည်ကောင်စီ၏ ကြေညာချက်အပေါ် ကြိုဆိုကြောင်း ပြောသည်။

“စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေကြသူ အချင်းချင်း ‌သမိုင်းမှတ်ကျောက်တင်နိုင်ကြတဲ့အပေါ် အသိမှတ်ပြုတာ ကောင်းတဲ့ အလေ့အထပါ။ ဒီလိုပဲ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ရေးအတွက် မရပ်မနား ပြည်သူနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်”ဟု ချင်းညီနောင်တာဝန်ရှိသူက ပြောသည်။

ချင်းပြည်ကောင်စီ၏ကြေညာချက်တွင် လက်ရှိသည် ချင်းပြည်အတွင်း စစ်ကောင်စီတပ်စခန်းများ ကင်းစင်ရေး၊ အပြီးတိုက်ထုတ်ရေး တော်လှန်ရေးတပ်ဖွဲများမှ မြို့သိမ်းတိုက်ပွဲများဖြင့် ထိုးစစ်ဆင် နေချိန်ကာလဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြသော သူရဲကောင်းစစ်သည်များ၊ အသက်သွေးပေးဆက်ခဲ့သူများအား ဦးညွတ်အလေးပြုကြောင်း ဖော်ပြထားသည်။

ယခုကာလအတွင်း ချင်းပြည်တစ်ဝှမ်း စစ် ကောင်စီ အပြီးတိုင်ကင်းစင်ရေး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြချိန်ဖြစ်သည်နှင့်အညီ မင်းတပ် မြို့သိမ်းအောင်ပွဲနှင့် ကန်ပက်လက်မြို့သိမ်း အောင်ပွဲဆင်နွှဲခဲ့ကြသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၊ တိုက်ပွဲဝင် သူရဲကောင်းများ၏ အသက်သွေးချွေး စတေးပေးဆပ် အောင်ပွဲဆင်နိုင်မှုအပေါ် လေးမြတ်စွာ ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသလို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီအနေဖြင့်လည်း ချင်းပြည်ရှိ မြို့အချို့နှင့် စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားသည်။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား ပြဿနာအချို့ရှိခဲ့မှုနှင့်ပတ်သက်ပြီးလည်း နှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိနေသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူအချို့က ဖွင့်ဟထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။