Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းလက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

(လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရသော ဘုန်းကြိးကျောင်းအား တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)
(လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရသော ဘုန်းကြိးကျောင်းအား တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းတောကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးငယ်နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၆ရက်) ညနေ ၃ နာရီခွဲခန့်က စစ်တပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ဖြစ်စဥ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီဘက်က မဆင်မခြင် တဖက်သက် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ လက္ကောင်းလေး ကျေးရွာဘက်ကနေ လှမ်းပစ်တယ်လို့ သိရတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

“ဒီနေ့လက်နက်ကြီးကျတဲ့နေရာက တနေ့ကတိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ မတ္တရာအရှေ့ခြမ်းကျတယ်။”ဟု မတ္တရာဒေသခံတစ်ဦးက ပြောသည်။

မန္တလေး PDFနှင့် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၉ ရက်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား မန္တလေး PDFက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

ဒီဇင်ဘာ ၆ရက်ကလည်း တော်လှန်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရသည့် မတ္တရာအနောက်ခြမ်းအား မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ ယနှင့် ထိန်ပင်စောက်ကျေးရွာတို့ရှိ စစ်ကောင်စီစခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။

သို့သော် မတ္တရာအနောက်ခြမ်း၌ စစ်ကောင်စီစခန်းများ ကျန်ရှိနေဆဲဖြစ်၍ ယခင်ရက်ပိုင်းကပင် ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။