Connect with us

Hi, what are you looking for?

သတင်း

ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်းကို​တော်လှန်​ရေးနှစ်ဖွဲ့တိုက်ခိုက် အရာခံဗိုလ်အပါအဝင်စစ်သား ၂ ဦးသေဆုံး

ပြည်သူများအနေဖြင့် ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စစ်ကောင်စီတပ်သားများနှင့် နီးစပ်ရာများ၌ မပြုလုပ်ရန် MBTက မေတ္တာရပ်ခံသည်။

(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ နှင့် PGF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PGF)
(စစ်တပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ နှင့် PGF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PGF)

ဇေအောင် ၊အိမ်သွင် /People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်းကို ​တော်လှန်​​ရေး နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အရာခံဗိုလ်အပါအဝင် ၂ ဦးသေဆုံးကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၇ ရက်) ညနေ ၆ နာရီခန့်ကကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်း၌ တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးအား MBT နှင့်Popa Guerilla Force(PGF) တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် စစ်သား (၂)ဦးအား ဖမ်းဆီးနိုင်ခဲဲ့ပြီး တစ်ဦးမှာ ပြည်သူများကြားမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

“ လောလောဆယ်ကတော့ အဲဒီစခန်းမှာ ကင်းစောင့်အနေနဲ့ ၃ ယောက်ပဲ။” ဟု ဗိုလ်မိုက်ခဲကဆက် ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသောကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ​၎င်းကဆိုသည်။

Popa Guerilla Force(PGF) ၏ ဒုတိယတာဝန်ခံ ရဲဘော် ဗျတ္တကလည်း “ အဲ့မှာ စစ်တပ်ကကောင် သုံးကောင်နဲ့ ကျန်တဲ့ ဝန်ထမ်းတွေရှိတယ်။

​​ေ..ပဲ စိတ်ဝင်စားလို့ ဖမ်းခဲ့တာ။ တစ်ယောက်က ထွက်ပြေးတယ်။ နှစ်ယောက်ကို ခေါ်လာချိန် ခုခံထွက်ပြေးလို့ ပစ်ရှင်းလိုက်ရတယ်” ဟု ပြောသည်။

လွတ်မြောက်သွားသူမှာ ရိုးရိုးတပ်သားဖြစ်ပြီး သေဆုံးသူနှစ်ဦးမှာ ဒုအရာခံဗိုလ်နှင့် တပ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။

MBT တပ်ဖွဲ့ဝင်ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ ဖမ်းဆီးရမိသူများမှာ ကျောက်ဆည်မြို့နယ်ရှိ အဆရ(၃)အဆင့်မြင့်ဆက်သွယ်ရေးတပ်မှ အရာခံဗိုလ်ကျော်စွာဟိန်းနှင့် တပ်သား စိုးစံမင်းဟု ဖြေကြားထားသည်ကို တွေ့ရသည်။

ဆက်သွယ်ရေးတပ်ဖွဲ့သည် စစ်အကူလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး စစ်တပ်၏ ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် အချက်ပြဆက်သွယ်ရေး၊ ကြိုးမဲ့ရေဒီယိုဆက်သွယ်ရေး၊ ဆက်သား၊ ချောပို့လုပ်ငန်း စသည်တို့ကို ဆောင်ရွက်ပေးရသည်။ ၎င်းအပြင် သမရိုးကျမဟုတ်သော ခေတ်သစ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်သွယ်မှုလုပ်ငန်းများ၊ ဆက်သွယ်မှုကွန်ယက်ဆိုင်ရာလုပ်ငန်းများနှင့် သတင်းအချက်အလက် လုံခြုံမှု ကျိုးပေါက်ခြင်းမရှိရေး ကြီးကြပ်ပေးခြင်း စသည်လုပ်ငန်းများကိုပါ တာဝန်ယူရသည်။

ထိုစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး၊ MA 11 သေနတ်တစ်လက်နှင့် UZI သေနတ်တစ်လက်အပြင် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း MBT က အသိပေးသည်။

မူလက ခရစ်စမတ်နေ့တွင် စစ်ရေးဖော်ဆောင်ရန်ပြင်ဆင်ခဲ့သော်လည်း ပုပ္ပါးတောင်ပေါ်သို့တက်သည့် ဧည့်သည်များ အန္တရာယ်မဖြစ်စေရေးအတွက် ဒီဇင်ဘာလ၂၇ရက်တွင်အကောင်အထည်ဖော်ခဲ့ခြင်းရဲ​​ဘော် ဗျတ္တက​ပြောသည်။

“ အခုချိန်ကဒီဇင်ဘာလဖြစ်နေတော့ပွဲတော်လိုဖြစ်နေတာ။ထွက်ပြေးသွားတဲ့တယောက်ကပြည်သူတွေထဲထွက်ပြေးသွားတော့ ပစ်လိုက်ရင်ပြည်သူတွေပါထိမှာစိုးလို့ လွှတ်ပေးလိုက်ရတာ “ ဟုရဲဘော်ဗျတ္တကဆက်ပြောသည်။

ပြည်သူများအနေဖြင့် Popa Guerilla Force(PGF)တပ်ဖွဲ့မှ ပြုလုပ်နေသော အောင်လံလွှင့်မည် စကားဝါမြေဆီ ဆိုသော ထီလက်မှတ်ကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံထားသည်။

“ ကျတော်တို့ အလုပ်နဲ့လည်းသက်သေပြခဲ့တယ်။ နောက်ထပ်မစ်ရှင်တွေဆွဲထားတာလည်းရှိတယ်။။ စစ်ကောင်စီကိုတိုက်ခိုက်ဖို့ အရှိန်မြှင့်ချင်လို့ ကျနော်တို့ကို ကူညီကြပါ” ဟု ရဲဘော်ဗျတ္တက ပြောသည်။

စစ်ဆင်​ရေးပြီး​နောက် PGF က​ပေ​ပေါင်း ၄၉၈၁ ​ပေမြင့်​သော ပုပ္ပါး​တောင်ထိပ်တွင် အဖွဲ့အလံ လွှင့်ထူခဲ့​သည်။

ပြည်သူများအနေဖြင့် ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စစ်ကောင်စီတပ်သားများနှင့် နီးစပ်ရာများ၌ မပြုလုပ်ရန် MBTက မေတ္တာရပ်ခံသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပုပ္ပါးတောင်မကြီးပေါ်သို့ အလည်အပတ်တောင်တက်ခရီးစဥ်များကို ဝန်​ဆောင်မှု​ပေး​နေ​သောလုပ်ငန်းက ရပ်ဆိုင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။

Facebook