Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် မံစီမြို့တိုက်ပွဲ အပြန်အလှန် လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲပစ်ခတ်နေဟု KIA ပြော

ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်၊ မံစီမြို့သိမ်းတိုက်ပွဲများအခြေအနေကို ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင် ဗိုလ်မှူးကြီး နော်ဘူက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ လက်နက်ကြီးဖြင့်ပစ်ခတ်ရန်ချိန်ရွယ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images။ ပုံအဟောင်းအသုံးပြုထားပါသည်)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ လက်နက်ကြီးဖြင့်ပစ်ခတ်ရန်ချိန်ရွယ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images။ ပုံအဟောင်းအသုံးပြုထားပါသည်)

▪️စစ်ကောင်စီတပ်သား ၁၀၀နီးပါး အလင်းဝင်သည့် ဖြစ်စဉ်မရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံးသိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ ၁လနီးပါးကြာသည်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်၊ မံစီမြို့သိမ်းတိုက်ပွဲများအခြေအနေကို ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင် ဗိုလ်မှူးကြီး နော်ဘူက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗန်းမော်ဘက်က တိုက်ပွဲအခြေအနေက သိပ်ထူးခြားမှုမရှိပါဘူး။ တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်ပါတယ်။ မံစီဘက်မှာလည်း တနေ့ကတော့ တိုက်ပွဲက နည်းနည်းပိုပြီးမှ ပြင်းထန်တဲ့ ပုံစံမျိုးတော့ တွေ့ရပါတယ်။ ကျန်တဲ့နေရာမှာတော့ ပုံမှန်ပါပဲ။ အချင်းချင်း စောင့်ကြည့်နေတဲ့အနေအထား၊ နောက် လေကြောင်းကနေ ဗုံးကြဲတာတွေရှိတယ် ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိတယ် ကျနော်တို့ KIA ဘက်က လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ပစ်တာတွေရှိတယ်။ ဒါပေမဲ့ စခန်းသိမ်းတာတွေ ဘာမှ မရှိပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ခန့် အလင်းဝင်သည် ဆိုသည့် သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီးလည်း အဆိုပါဖြစ်စဉ်မျိုးမကြားမိဟု ၎င်းက ပြောသည်။

“စကစဘက်က စစ်သား ၁၀၀နီးပါးလောက် အလင်းဝင်တယ်ဆိုတဲ့ သတင်းက ကျနော်တို့ အခုထက်ထိ မကြားပါဘူး။ ရှေ့တန်း သက်ဆိုင်ရာ စစ်ကြောင်းမှူးတွေကိုလည်း ကျနော်မေးကြည့်ပါတယ်။ သူတို့ဆီမှာ ဖြစ်စဉ်မရှိဘူးလို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ဗန်းမော်မြို့ သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ရေးရလဒ်များ အသေးစိတ် ဖော်ပြမှုမရှိသော်လည်း စစ်ကောင်စီတပ်စွဲရာနေရာများကို သိမ်းပိုက်ခြင်း၊ စစ်သုံ့ပန်း၊ စစ်ကောင်စီတပ် အလောင်းနှင့် လက်နက်များတိုက်ပွဲအတွင်း ရရှိခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ထို့ပြင် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်ရင်း သုံးခုကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ တပ်ရင်းအချို့၏ ဘန်ကာနှင့် ကာကင်းစခန်းအချို့ ၊ အရေးပါသည့် တပ်ကုန်းနေရာအချို့ကို သိမ်းရထားပြီး စစ်ကောင်စီတပ်ရင်းအားလုံးရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး