Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ယနေ့(ဒီဇင်ဘာ ၃၁ရက်) ညနေ ၄နာရီခန့်တွင် ဆင်စခန်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ခြင်းဟု သိရသည်။

(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK)
(လွိုင်ကော်မြို့ တနေရာနှင့် ယခုနှစ် ဇန်နဝါရီက လွိုင်ကော်မြို့မစျေးကို စစ်ကောင်စီက မီးလောင်းဗုံးနှင့် ဒရုန်းဗုံးများအသုံးပြုဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - JFK)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၃၁ရက်) ညနေ ၄နာရီခန့်တွင် ဆင်စခန်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ခြင်းဟု သိရသည်။

“ဆုတောင်းမပြည့်ဘူးဗျာ။ လေယာဉ်ကြဲခံရတဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်း ဆင်စခန်းစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ငါးဦးထိပြီးကလေးမိခင် တစ်ဦး သေဆုံးသွားတယ်။သေဆုံးသူမိခင်ရဲ့ ကလေးငယ် (၁)နှစ်ကျော် အရွယ် ကလေးလည်း ထိသွားတယ်။(၁၆)နှစ်အရွယ် ကျောင်းသူတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်ဗျာ”ဟု လွိုင်ကော်အခြေစိုက် စစ် ရှောင်အရေးကူညီနေသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီ က တိုက်ခိုက်ခဲ့ခြင်းဟုလည်း ၎င်းက အသိပေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ ရက်ကလည်း ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်း ပီကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ဖယ်ခုံနှင့် မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှ ယခုနှစ် နိုဝင်ဘာလကုန်အထိ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၅၃၂ဦးရှိပြီး စစ်ဘေးရှောင်စဥ် သေဆုံးသူ ၁၇၀ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အလေးသာနေသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ အထူးသဖြင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက် ထားသည့် မြို့ များ၊ထိုးစစ်ဆင်နေသည့် နေရာများကို နေ့စဥ်နှင့်အမျှပြုလုပ်နေပြီး ပြည်သူသေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။