Connect with us

Hi, what are you looking for?

သတင်း

၂၀၂၄အတွင်း နိုင်ငံရေးအကျဉ်းသား ၇၀ကျော် ရိုက်နှက်တိုက်ပိတ်ခံရ

သာယာဝတီထောင်မှ နိုင်ကျဥ်းနှစ်ဦး၏ဖြစ်စဥ်မှာ ပါဆယ်ပို့သည့် စာအုပ်အတွင်း ဖုန်းဆင်းမ်ကတ်ပါသည်ဆိုကာ ရိုက်နှက်ခြေကျင်းခတ်တိုက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု PPNMက ဖော်ပြသည်။

(စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

◾️အင်းစိန်နှင့် ကလေးအကျဥ်ထောင်များတွင် အများဆုံးဖြစ်

ကျော်ဇော/People’s Spring

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အကျဥ်းထောင်များတွင် ရိုက်နှက်တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဥ်းသား ၇၆ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်သည်။

ထောင်အာဏာပိုင်များသည် နိုင်ကျဉ်းများအား အကြောက်တရားရရှိစေရန်ဦး တည်ချက်ထား ဖိနှိပ်မှုများလုပ်ဆောင်သည့်အပြင် ထောင်တွင်းအကျဉ်းသားညီညွတ်မှုဖြိုခွင်းရန် ဦးဆောင်ဦးရွက်ပြုသူများအား ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများကို ရာထူးအာဏာအသုံးပြုလျှက် ကျူးလွန်လျှက်ရှိသည်ဟု PPNM၏ နှစ်ကုန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုက်နှက်တိုက်ပိတ်မှုများအနက် ကလေးအကျဉ်းထောင်တွင် ၂၈ ဦး၊ အင်းစိန်အကျဥ်းထောင်တွင် ၂၈ ဦး၊ မကွေးထောင်တွင် ၁၀ ဦး၊ ကျိုက်မရောထောင်တွင် ခုနစ်ဦး၊ သာယာဝတီထောင်တွင် နှစ်ဦးနှင့် ဒိုက်ဦးထောင်တွင်တစ်ဦး အသီးသီးဖြစ်ကြောင်း PPNM က အသိပေးသည်။

Public Service Announcement

Public Service Announcement

နိုင်ကျဥ်းဦးရေအများဆုံး ရိုက်နှက်တိုက်ပိတ်ခံရမှုများမှ ကလေးအကျဥ်းထောင်ဖြစ်စဥ်မှာ ထောင်တွင်းဆန္ဒပြမှုတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် အကျဉ်းသား ၂၈ဦးအား ခြေကျင်းခက်ကာ တိုက်ပိတ်ခဲ့ခြင်းဟု PPNMက ဖော်ပြ သည်။

အလားတူ နိုင်ငံရေးအကျဥ်းသား ၂၈ ဦးအထိရိုက်နှက် တိုက်ပိတ်ခံရသည့် အင်းစိန်ထောင်ဖြစ်စဥ်မှာလည်း ဘောလုံးကစားရာတွင် ရန်ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် လေးဦး၊ တရားမဝင်ပစ္စည်းကိုင်ဆောင်သည်ဟူသော အကြောင်းပြချက်ဖြင့် ၂၄ ဦးကို တိုက်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သာယာဝတီထောင်မှ နိုင်ကျဥ်းနှစ်ဦး၏ဖြစ်စဥ်မှာ ပါဆယ်ပို့သည့် စာအုပ်အတွင်း ဖုန်းဆင်းမ်ကတ်ပါသည်ဆိုကာ ရိုက်နှက်ခြေကျင်းခတ်တိုက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု PPNMက ဖော်ပြသည်။

ယခုကဲ့သို့ လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေးချိုးဖောက်ခဲ့သော အကျဉ်းဦးစီးဝန်ထမ်းအရာရှိများအား နစ်နာခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများနှင့်အတူ အကူးအပြောင်းကာလ တရားမျှတမှုဖော်ဆောင်ချိန်၌ ထိရောက်သည့် တာဝန်ခံတာဝန်ယူမှုရရှိစေရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)က ထုတ်ပြန် သည်။

စစ်ကောင်စီ၏ အကျဥ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအနက် ၂၀၂၄ အတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဥ်းသား ကိုးဦးရှိပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသားရှစ်ဦးပါဝင်ကြောင်း PPNM၏ နှစ်ကုန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)