Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် တိုက်ပွဲများဖြစ်နေ

စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ပဲခူးတိုင်းအရှေ့ခြမ်းတွင် တိုင်ပွဲဝင်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - PDF)
(ပဲခူးတိုင်းအရှေ့ခြမ်းတွင် တိုင်ပွဲဝင်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - PDF)

◾️စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုရှိဟု ဖြူးပကဖ ပြော

ကျော်ဇော/People’s Spring

အမြန်လမ်း (၁၁၅)မိုင် တိုးဂိတ်နှင့် (၁၀)မိုင်ကျော်သာကွာဝေးသော နေရာများတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်ရှိ သရက်ကုန်းနှင့် မျက်နီကွင်း၊ နှောခင်၊ ကြူအင်း စသည့်ကျေး ရွာများသို့ တပ်ဖွဲ့များခွဲကာ ဝင်ရောက်စစ် ကြောင်းထိုးနေ ခြင်းဟု ဆိုသည်။

အဆိုပါကျေးရွာများသို့ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ​ကြောင်း ဖြူးမြို့နယ် ပကဖက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းကျေးရွာများသည် ဇေယျဝတီမြို့၏ အရှေ့မြောက်ဘက်တွင်ရှိပြီး အမြန်လမ်း (၁၁၅)မိုင် တိုးဂိတ်နှင့် (၁၀)မိုင်ကျော်သာ ကွာဝေးတော့သည်။

ထိတွေ့တိုက်ပွဲများမှာ ဒီဇင်ဘာ ၂၇ ရက်ကစ၍ ဒီဇင်ဘာ ၃၁ ရက်အထိ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ ၁၉ ဦးခန့်သေဆုံး၍ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပကဖက အသိပေးသည်။

စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ တော်လှန်ရေးပူးပေါင်းတပ်များ၏ ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးကာ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်က ဟာစနာပူအတောက်ရွာနှင့် ကုလားဂျူးကျေးရွာတို့၌ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားလေးဦး ထပ်မံသေဆုံးကြောင်း ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

“စကစဘက်က ဒရုန်းချတာတွေကြောင့်ပြည်သူထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ စမ်းမြောင်းရွာ၊ ရွှေတိုက်ခင်ရွာတွေဘက်ကို ချတာပါ။ အခုထိတော့ ပြည်သူနှစ်ဦး သေဆုံးထားတာပဲ သိရပါသေးတယ်”ဟု ၎င်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကြောင့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ သရက်ကုန်ရွာနှင့် မျက်နီကွင်းကျေးရွာများသို့ တပ်ပြန်ဆုတ်သွားပြီး လက်ရှိတွင် နှစ်ဘက်စစ်ရေးတင်းမာနေဆဲဟု ၎င်းက ရှင်းပြသည်။

“သူတို့ကတော့ စစ်တောင်းမြစ် အနောက်ဘက်ကို ပြန်ယူချင်နေတာပါပဲ”ဟု ကျေးရွာများသို့ တရစပ်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်လှုပ်ရှားမှုကို ဖြူး ပကဖမှ တာဝန်ရှိသူတစ်ဦးက ထင်မြင်ချက်ပေး သည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ရေတာရှည်နှင့် ဖြူးမြို့နယ်များတွင်ပါဝင်သော စစ်တောင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအများစုမှာ စစ်ကောင်စီတပ်၏ ရပ်ကျေးအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်ပြီး ယင်းနယ်မြေများကို တော်လှန်ရေးပူးပေါင်းတပ်များက စိုးမိုးထိန်ချုပ်ထားသည်။

အထက်ပါ စစ်ဆင်ရေးများကို PDF တပ်ရင်း ၃၅၀၂၊ ရန်ကုန်(ပကဖ)၊ အုတ်တွင်း(ပကဖ) နှင့် ဖြူးမြို့နယ်(ပကဖ)တို့ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာ ၂၆ ရက်ကလည်း ဖြူးမြို့နယ်နှင့် ထိစပ်နေသည့် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့အရှေ့ဘက် သရက်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၈)အနီးတွင်လည်း မြင်းခြံခရိုင် PDF တပ်ရင်း(၄)၊ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ပြီး ခရီးသွားပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

Facebook