Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ပထမဆုံးရက်တွင် သန္နီမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

နှစ်သစ်ပထမဆုံးရက် ညပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(၂၀၂၄ ဇူလိုင် ၁၈ရက်က သန္နီမြို့မဈေးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၄ ဇူလိုင် ၁၈ရက်က သန္နီမြို့မဈေးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်၊ဟန်နွေ/People’s Spring

နှစ်သစ်ပထမဆုံးရက် ညပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှု၊ ဖိအားပေးမှု အောက်တွင်ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲများ ရှိနေသည့် အခြေအနေတွင် လားရှိုးမြို့အပါအဝင် MNDAA ထိန်းချုပ်ရာ နယ်မြေများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်နေရာမှ ၂၀၂၅ နှစ်သစ်ကူးနေ့ ပထမဆုံးညတွင် ပြန်လည် လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်။

“မနေ့ကည ၁၁နာရီခွဲ ဝန်းကျင်မှာ ကျခဲ့တဲ့ လေယာဉ်ဗုံးက သိန္နီမြို့ ဟိုတယ်အနီးအနား နေအိမ်တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက သတင်းပေးပို့ထားတာရှိပါတယ်။ အခုအချိန်ထိတော့ အခြားအရပ်သား ပြည်သူလူထုတွေထိခိုက်သေဆုံးမှုတော့မရှိဘူးလို့ သတင်းပေးပို့ထားတာရှိပါတယ်”ဟု ရှမ်းမြောက်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်းတိုက်ခိုက်လာ၍ ရှမ်းမြောက် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

“စကစဘက်က လေကြောင်း စစ်ဆင်ရေး ပြန်စခဲ့လို့ ကိုးကန့်ဘက်က ထိုးစစ်ပြန်ဆင်လာရင်တော့ စစ်ရေးက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ရှမ်းမြောက်ရဲ့ အဓိက တိုက်ပွဲအခင်းအကျင်းက ကိုးကန့်အပေါ် အများကြီး မူတည်ပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

ရှမ်းမြောက်ဒေသခံ အချို့ကလည်း ယမန်နေ့ညတွင် သိန္နီကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်ကို တွေ့ရသည်။

“တတိယလှိုင်း ပြန်စအောင်သွားဆွနေတယ် မအလ တော့ လုပ်ပီ၊ ဒီတခါဖြစ်ရင်တောင်ပိုင်းလည်း မျက်ခုံးလှုပ်ပြီ”ဟု စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်မှုကို လူမှုကွန်ရက်က အသုံးပြုသူ တစ်ဦးက မှတ်ချက်ပြုထားသည်။

တရုတ်၏ ကြားဝင်မှုဖြင့် MNDAAအပါအဝင် မဟာမိတ်တပ်များသည် နိုင်ငံရေးအရ ဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း MNDAAက ကိုယ့်ကိုယ်ကိုယ် ခုခံကွာကွယ်ရေးမူကို ဆက်လက်ကိုင်ဆွဲထားကြောင်း အသိပေးထားသည်။

MNDAA နှင့်မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းက စတင် ဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ ရမခ စစ်တိုင်းအပါအဝင် စစ်ကောင်စီတပ်စခန်းများစွာနှင့် မြို့များစွာကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။