Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံ

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယမန်နေ့က တိုက်ပွဲဆက်ရှိဟု လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။

(ဗန်းမော်မြို့တွင်း တနေရာအား စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း အသုံးပြုထားပါသည်)
(ဗန်းမော်မြို့တွင်း တနေရာအား စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း အသုံးပြုထားပါသည်)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ဇန်နဝါရီ ၁ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၃၁ရက်က တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ်ပြုလုပ်ခဲ့သည့် စစ်ကောင်စီသည် ယမန်နေ့ (ဇန်နဝါရီ ၁ရက်) တွင်လည်း Y12 လေယာဉ်ဖြင့် ၁နာရီအတွင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တံတားဦးလေဆိပ်မှတက်လာသည့် စစ်ကောင်စီ Y12 လေယာဉ်သည် ယမန်နေ့က လေကြောင်း တိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ကာ ဗုံးသီးအလုံး ၃၀ကြဲချတိုက်ခိုက် ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယမန်နေ့က တိုက်ပွဲဆက်ရှိဟု လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။

ဇန်နဝါရီ ၁ရက်တွင် ဗန်းမော်အခြေစိုက် ခလရ(၄၇) တပ်ရင်းအဝင်ပေါက်၌ တိုက်ပွဲဖြစ်ခဲ့ပြီး အခြားနေရာအချို့တို့လည်း တိုက်ပွဲရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၇ကြိမ်ဗုံးကြဲတိုက်ခိုက်သလို KIA မဟာမိတ်တပ်များဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးထားသည်။

ဒီဇင်ဘာ ၃၁ရက်တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က အလံဖြူထောင်သူများရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“အလံဖြူထောင်တာ ၅ယောက်၊ ၆ယောက် အုပ်စု အလိုက်ပါ”ဟု သတင်းရင်းမြစ်က အလံဖြူထောင်သည့် စစ်ကောင်စီတပ်သား အရေအတွက်ကို မေးမြန်းရာ ပြန်လည်ပြောပြသည်။

KIAသည် ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ရက် ကစတင်ခဲ့ရာ တစ်လပြည့်တော့မည်ဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook