Connect with us

Hi, what are you looking for?

သတင်း

ဥသျှစ်ပင်မြို့အနီးရှိ ​တောင်ပုံကြီး စစ်စခန်းကို AA နှင့် မဟာမိတ်များတိုက်ခိုက်

ဥသျှစ်ပင်မြို့ရှိ စစ်​ကောင်စီဝန်ထမ်းများမှာ AA က အမ်းမြို့ကိုရလုနီးအချိန်တွင် ပြည်မြို့ဘက်သို့ ကြိုတင် တိမ်း​ရှောင်သွားကြ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

(ဥသျှစ်ပင်မြို့တ​နေရာ ။ဓါတ်ပုံ-CJ)
(ဥသျှစ်ပင်မြို့တ​နေရာ ။ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့အနီးရှိ တောင်ပုံကြီးစစ် ကောင်စီတပ်စခန်းကို အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်များက တိုက်ခိုက်နေပြီး ၂ ရက်ဆက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့ကပြောသည်။

တောင်ကုတ်မြို့နှင့်ဆက်စပ်နေပြီး ရခိုင်ရိုးမှပေါ်ရှိ တောင်ပုံကြီးစစ် ကောင်စီစခန်းကို ဇန်နဝါရီလ ၁ရက်နေ့နံနက်တွင် AAက စတင်တိုက်ခိုက်ခြင်းဟု ဥသျှစ်ပင်မြို့ဒေသခံတစ်ဦးကပြောသည်။

“AAနဲ့ မဟာမိတ်တွေပါတယ်လို့သိရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ်က ၂ရက်စလုံးလေကြောင်းတိုက်တယ်။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ မြို့နဲ့ဝေးတော့ မြေပြင်အခြေအနေကို မေးဖို့ စမ်းဖို့ခက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် တောင်ပုံကြီးစစ် ကောင်စီစခန်းတိုက်ခိုက်ခံနေရပြီး တော်လှန်ရေးတပ်ဖွဲ့များက ပြည်ခရိုင်အတွင်း စစ်ပွဲများဖော်ဆောင်လာနိုင်ကြောင်း ရေးသားနေကြသည်။

ဥသျစ်ပင်မြို့သည် ပြည်မြို့နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိပြီး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ပါဝင်သည်။ တောင်ကုတ်မြို့နှင့် ကုန်းလမ်းသွယ်ရေးရှိသည်။ တောင်ကုတ်မြို့ကို AAက တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာရရှိများသည် တောင်ကုတ်-ဥသျှစ်ပင်လမ်းမှတဆင့် ထွက်ပြေးခဲ့ကြသည်။ ဥသျှစ်ပင်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ရှိသည်။

ဥသျှစ်ပင်မြို့ရှိ စစ်​ကောင်စီဝန်ထမ်းများမှာ AA က အမ်းမြို့ကိုရလုနီးအချိန်တွင် ပြည်မြို့ဘက်သို့ ကြိုတင် တိမ်း​ရှောင်သွားကြ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

လက်ရှိတိုက်ပွဲအတွင်း စစ်ကောင်စီက ဥသျှစ်ပင်မြို့အနီး စွပ်ပျက်ရွာ၊ မိုက်ကရိုရွာ၊ သပြေရွာတို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း AA ၏မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook