Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၇၀ကျော်သေဟု ထုတ်ပြန်

ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးဒေသများပါဝင်စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ဦး သေဆုံးပြီး ၇၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးဒေသများပါဝင်စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ဦး သေဆုံးပြီး ၇၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) သတင်းထုတ်ပြန်သည်။

၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃ ရက်အထိ ၇ရက်တာအတွင်းစစ်ရေး အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ် အချို့ကိုလည်း ဖော်ပြရာ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်ဒါဘောဦးဆောင်သော KNLA တပ်ရင်း (၂၈) ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေကြောင်း ဖော်ပြသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနှင့် စစ်ကူလမ်းကြောင်းဖြတ်တောက်ထားသည့် အနန်းကွင်းဗျူဟာစခန်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော စစ်ကောင်စီ၏တပ်ကူ သံတွဲစစ်ကြောင်းအားလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနှင့် ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်၍တားဆီးပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အဆိုပါ အနန်းကွင်းလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများပြားသဖြင့် စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန်စစ်ကူပေးလျက်ရှိရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် သုံးဦးကျဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

အနန်းကွင်းဗျူဟာကို စစ်ကောင်စီက အင်အား ၁၅၀ ခန့် စစ်ကူလာရာ တော်လှန်ရေးပူးပေါင်းတပ်က ဒီဇင်ဘာ ၃၀ရက်နှင့် ၃၁ရက်တွင် အနန်းကွင်းဗျူဟာစခန်းနှင့် ၁မိုင်ခွဲခန့်အကွာ၌ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးသည်။ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရုပ်အလောင်းများကိုလည်း သတင်းရင်းမြစ်က ပြသသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

သတင်း

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလေးခရိုင် အမှတ်(၉)တပ်ရင်း - ကလေး၀ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာကြောင်း ကလေး၀ PDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။