Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်၌ ပြီးခဲ့သည့်၁၀ရက်ခန့်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်း သေဆုံး၊ တစ်ဦးအရှင်ဖမ်းမိဟု PDF ထုတ်ပြန်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းတစ်ဦးနှင့် သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Natogyi People Defence Force

ကဖေး/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

၂၀၂၄ ဒီဇင်ဘာ ၂၅ရက်တွင် နွားထိုးကြီး မြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ဈေးဝယ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးအား ဖမ်းဆီးစဉ်ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရပြီး လေးဦးလုံး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဒီဇင်ဘာ ၂၇ရက်နှင့်၂၈ရက်တွင် ဝက်လူးနယ်မြေရဲစခန်းအား ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦးထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သတင်းထုတ်ပြန်မှုတွင် မပါဝင်သော်လည်း ဝက်လူးနယ်မြေရဲစခန်းတိုက်ခိုက်နေစဉ် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပဲချက်ကျေးရွာအား စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၃၁ရက်ကလည်း မျက်ရှုကျေးရွာအတွင်း၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု နွားထ်ိုးကြီး PDFက ထုတ်ပြန်ထားသည်။

နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Natogyi People Defence Force

မျက်ရှုရွာအတွင်း ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက ” စစ်ခွေးလောင်းတွေ လာမသယ်လို့ တမြန်နေ့ကမှ PDF တွေက မီးရှို့လိုက်ရတာ”ဟု ပြောသည်။

၂၀၂၅ ဇန်နဝါရီ ၂ရက်တွင် သုံးထောင်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နွားထ်ိုးကြီး PDFသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈)တွင် လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။