Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်၌ ပြီးခဲ့သည့်၁၀ရက်ခန့်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်း သေဆုံး၊ တစ်ဦးအရှင်ဖမ်းမိဟု PDF ထုတ်ပြန်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းတစ်ဦးနှင့် သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Natogyi People Defence Force

ကဖေး/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

၂၀၂၄ ဒီဇင်ဘာ ၂၅ရက်တွင် နွားထိုးကြီး မြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ဈေးဝယ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးအား ဖမ်းဆီးစဉ်ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရပြီး လေးဦးလုံး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဒီဇင်ဘာ ၂၇ရက်နှင့်၂၈ရက်တွင် ဝက်လူးနယ်မြေရဲစခန်းအား ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦးထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သတင်းထုတ်ပြန်မှုတွင် မပါဝင်သော်လည်း ဝက်လူးနယ်မြေရဲစခန်းတိုက်ခိုက်နေစဉ် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပဲချက်ကျေးရွာအား စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၃၁ရက်ကလည်း မျက်ရှုကျေးရွာအတွင်း၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု နွားထ်ိုးကြီး PDFက ထုတ်ပြန်ထားသည်။

နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Natogyi People Defence Force

မျက်ရှုရွာအတွင်း ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက ” စစ်ခွေးလောင်းတွေ လာမသယ်လို့ တမြန်နေ့ကမှ PDF တွေက မီးရှို့လိုက်ရတာ”ဟု ပြောသည်။

၂၀၂၅ ဇန်နဝါရီ ၂ရက်တွင် သုံးထောင်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နွားထ်ိုးကြီး PDFသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈)တွင် လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီး ခရီးသွားယာဥ်များအား တားဆီးစစ်ဆေး၍ ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း အရှိုချင်းကာကွယ်ရေးတပ်က ယနေ့(ဇန်နဝါရီ ၂၀ရက်) ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းအပတ်စဥ်(၅)မှ စစ်ကောင်စီတပ်သား လေးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်မြို့နယ်အခြေ စိုက် Union Liberation Front(ULF စစ်ကြောင်း)က ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။