သုည/People’s Spring
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် မြန်မာများက (၁၄၈)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဇန်နဝါရီ ၅) ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒပြမှုတွင် “အမှန်တကယ် လွတ်လပ်ဖို့ စုပေါင်းအားနဲ့ တိုက်ယူစို့” စာသားပါဗီနိုင်းကိုင်ဆောင်ပြီး Free Burma Action Committee-Northern California က ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယမန်နေ့ကလည်း အမေရိကန်ရောက် မြန်မာအနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ပြီး ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။