Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှထွက်လာ​သော စစ်​ဘေး​ရှောင် ၃၀၀ ခန့်ပါသင်္ဘောကို ဟိုင်ကြီးကျွန်းအနီး စစ်တပ်ကဖမ်းဆီးပြီး ၇ ရက်တိုင်ကမ်းကပ်ခွင့်မ​ပေး၍ စစ်​ရှောင်ပြည်သူများ အခက်ကြုံ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၂၈၀ဦးဝန်းကျင် လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မ​ပေးသလို ပြန်ထွက်ခွင့်မ​ပေး၍ ကလေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအပါအဝင် သင်္ဘောပေါ်ရှိသူအားလုံး အခက်အခဲကြုံတွေ့နေသည်။

စစ်တပ်က ၇ ရက်တိုင် ကမ်းကပ်ခွင့်မ​ပေးသလိုပြန်ထွက်ခွင့်မ​ပြု၍ ဒုက္ခ​ရောက်​နေ​သောပြည်သူများ ။ ဓါတ်ပုံ-​ပေးပို့

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၂၈၀ဦးဝန်းကျင် လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မ​ပေးသလို ပြန်ထွက်ခွင့်မ​ပေး၍ ကလေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအပါအဝင် သင်္ဘောပေါ်ရှိသူအားလုံး အခက်အခဲကြုံတွေ့နေသည်။

မာန်အောင်မြို့မှ ဒီဇင်ဘာလ ၂၇ရက်က ထွက်လာသော အဆိုပါ သင်္ဘောကို ဒီဇင်ဘာလ ၃၁ရက်တွင် စစ်ကောင်စီရေတပ်က တားဆီးပြီး ယနေ့(ဇန်နဝါရီ ၆ ) ရက် မွန်းလွဲပိုင်း အထိ ထွက်ခွင့်မပြုခြင်းဖြစ်သည်။

“ဒီနေ့ ဟိုင်းကြီးကအကျိုးဆောင်ဘုန်းကြီးတွေနဲ့လာတွေ့မယ်ပြောပြီးမလာဘဲနဲ့နေပြည်တော်ကအမိန့်မရဘဲထွက်ခွင့်မပြုဘူးလို့ဘဲအကြောင်းပြန်ထားပါတယ်” ဟု ဖြစ်စဥ်အ​​သေးစိပ်ကိုသိ​သောPeople’s Spring ၏ သတင်းရင်းမြစ်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

သင်္ဘောပေါ်တွင် အသက် ၉၀ အရွယ်အပါအဝင် သက်ကြီးရွယ်အိုအချို့၊ ကလေးငယ်များနှင့် အမျိုးသမီးများအပြင် နာမကျန်းသူအချို့လည်း ပါဝင်သည်။ထို့အပြင် ဝန်ထမ်းမိသားစုများလည်းပါဝင်သည်။

မာန်အောင်ဒေသခံများအပြင် AAထိန်းချုပ်ထားသည့် သံတွဲနှင့် တောင်ကုတ်မြို့မှ ဒေသခံများပါနေသည်ဟုဆိုကာအ​ကြောင်းပြပြီး တားဆီးထားခြင်းဟု သိရသည်။

စတင်ဖမ်းဆီးစဉ်ကာလက သင်္ဘောပေါ်တွင် အစားအသောက်ဝယ်စား၍ ရသော်လည်း ယခုအခါ အလှူရှင်များကို မျှော်နေရပြီဟု သတင်းရရှိသည်။သို့​သော် ​ဒေသခံများကိုလည်း သင်္ဘောနားကပ်ခွင့်မပြုသလို လှူဒါန်းခွင့်လည်းမပြုဟုစုံစမ်းသ်ရသည်။

“ဟိုင်းကြီးကနေ ဈေးသည်တချို့ လာရောင်းပေးတယ်။ ဒါပေမယ့် အဆင်မပြေဘူးလေ။ ငွေမရှိကြဘူးလေ။ ဒီက ပြန်ထွက်လို့ ရမှ အဆင်ပြေမှာ”ဟု ဟိုင်းကြီးကျွန်းဒေသခံတစ်ဦးကပြောသည်။

မာန်အောင်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး စစ်ကောင်စီလက်နက်ချရန် အာရက္ခတပ်တော်(AA)က သတိပေးထားသည်။ တိုက်ပွဲဖြစ်ပွားမည့် အခြေအနေများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် စစ်ကောင်စီက တားမြစ်ထားခြင်းဖြစ်သည်။

လူပေါင်း ၃၀၀ နီးပါးသည် ပင်လယ်ပြင်အတွင်း ပူပြင်းသည့် ရာသီဥတုအောက်တွင် သင်္ဘောပေါ်၌ ခက်ခက်ခဲခဲ နေနေကြရသည်။

“လူပေါင်း ၂၈၀လုံး အခက်အခဲတွေက ငရဲလိုခံစားနေရပြီ။ ဘယ်တော့ထွက်ခွင့်ရမလဲဆိုတာမရေရာတဲ့အခြေအနေနဲ့နေထိုင်ရတာ”ဟု People’s Spring ၏ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ရခိုင်စစ်ရှောင်များကို ဖိနှိပ်နေ၍ စိုးရိမ်နေကြရသည်ဟု ရခိုင်နှင့် ဧရာဝတီမှ ဒေသခံအချို့ကပြောသည်။

“သင်္ဘောကို ပြန်ခွင့်လည်းမ​ပေးဘူး။ အထက်အမိန့်(နေပြည်တော်) အရလုပ်ရတာ။နေပြည်တော်အမိန့်ရမှလွတ်မယ်ပြောပါတယ်” ဟု ယနေ့ ‌မွန်းလွဲ ၁နာရီခန့်အခြေအနေကို လူထု​နွေဦး၏သတင်းရင်းမြစ် တဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။