Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများလမ်းပိုင်းသတိပေးချက်မလိုက်နာ၍ မစ်ရှင်များဖျက်သိမ်းနေရဟု ကော့သောင်း ပကဖ အသိပေး

တနင်္သာရီတိုင်း၊ ကောာ့သောင်းမြို့နယ်အတွင်း ပြည်သူအချို့က လမ်းပိုင်းသတိပေးချက်များ မလိုက်နာ၍ စစ်ရေးဖော်ဆောင်မည့်အစီအစဥ်များ ဖျက်သိမ်းနေရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ အသိပေး ထုတ်ပြန်သည်။

ကော့သောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာအချို့မှ သန်းခေါင်းစာရင်းကောက်ယူခဲ့စဥ်။ ဓာတ်ပုံ - စကစ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကောာ့သောင်းမြို့နယ်အတွင်း ပြည်သူအချို့က လမ်းပိုင်းသတိပေးချက်များ မလိုက်နာ၍ စစ်ရေးဖော်ဆောင်မည့်အစီအစဥ်များ ဖျက်သိမ်းနေရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ အသိပေး ထုတ်ပြန်သည်။

ပြည်သူများသည် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်နေထိုင်ခြင်း၊ စစ်တပ်ယာဥ်တန်းများနှင့်အတူ သွားလာခြင်းများကြောင့် စစ်ရေးဖော်ဆောင်မည့်အစီအစဥ်များ ဖျက်သိမ်းနေရည်ဟု ဆိုသည်။

မြို့နယ်ပကဖ အနေဖြင့် တစ်လလျှင် အနည်းဆုံးတစ်ကြိမ်နှင့်အထက် စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်နိုင်ရန် စီစဥ်ထားသော်လည်း လမ်းပိုင်းသတိပေးချက်မလိုက်နာဘဲ စစ်ကောင်စီတပ်များနှင့် အနီးကပ်ရှိနေခြင်းများကြောင့် ပြည်သူများထိခိုက်မှုမလိုလား၍ မစ်ရှင်များဖျက်သိမ်းနေရခြင်းဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တချို့ပြည်သူတွေ မလွှဲမရှောင်သာ သွားလာနေကြရတာကို ကျနော်တို့ အပြစ်မပြောလိုဘူး။ ဒါပေမဲ့ တချို့တွေက လိုလိုလားလားနဲ့ကို စစ်ကောင်စီတပ်ကို လုပ်ကိုင်ပေးနေတာမျိုးတွေ တွေ့နေရတယ်။ သူတို့ကိုလည်း ကျနော်တို့က ပြည်သူဆိုတဲ့ခေါင်းစဥ်အောက်မှာထားပြီး မလိုလားအပ်ဘဲ ထိခိုက်မှုတွေရှိလာမှာစိုးလို့ သတိပေးစာတွေလည်း ထုတ်နေရတာ ခဏခန ဖြစ်နေပြီ။ ဒီတစ်ကြိမ်ကတော့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးခြင်းဖြစ်ပါတယ်ဗျ”ဟု ကော့သောင်းမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့် တပ်ရင်း၊ ဌာနချုပ်များသို့ အင်အားဖြည့်တင်းခြင်း၊ ရိက္ခာစုဆောင်းခြင်းများလုပ် ဆောင်နေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ယာဥ်များနှင့်အတူ သွားလာခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ စစ်ကောင်စီတပ်သားများကို မိမိယာဥ်များဖြင့် တင်ဆောင်ခြင်းနှင့် ထောက်ပို့ ကုန်ပစ္စည်းများတင်ဆောင်သွားလာခြင်းများ၊ ကားမှန်တင်မောင်းခြင်းနှင့် အမိုးအကာဖုံးအုပ်သွားလာခြင်းများကို မပြုလုပ်ကြရန် နောက် ဆုံးအကြိမ်သတိပေးကြောင်း ကော့သောင်း ပကဖက ထုတ်ပြန်သည်။

သတိပေးတားမြစ်ချက်များကို မလိုက်နာ၍ ထိခိုက်မှုတစ်စုံတစ်ရာရှိခဲ့ပါက ကော့သောင်းမြို့နယ် ပကဖမှ လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ