Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း အုပ်ကြီးတစ်ဦးနှင့် ရာအိမ်မှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသူများမှာ ပေါင်းတလည်မြို့၊ ဗြူကုန်းအုပ်စု၊ မြို့လှစံပြကျေးရွာအုပ်ချုပ်ရေးမှူးအောင်နိုင်ဦး၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာမှ ရာအိမ်မှူးချက်ဖောင်း (ခ)ဇော်မင်းဦးနှင့် ၎င်း၏ ဇနီးတို့ဖြစ်ကြောင်း တပ်ရင်း(၃၆၀၁)က ဖော်ပြသည်။

ဖြူးကုန်းအုပ်စု၊ မြို့လှစံပြရွာအုပ်ချုပ်ရေးမှူး အောင်နိုင်ဦးအား ယမန်နေ့(ဇန်နဝါရီ ၇ ရက်)နံနက် ၁၁ နာရီခန့်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ မှရဲဘော်များက ၎င်း၏ နေအိမ်သို့ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးသည် ချက်ခြင်းသေဆုံးမှုမရှိဘဲ ပေါင်းတလည်မြို့မှတဆင့် အရေးပေါ်ကားနှင့်တင်ဆောင်၍ ပြည်ဆေးရုံသို့ပို့ဆောင်စဥ် လမ်းခုလတ်၌ သေဆုံးသွားခြင်းဟု ထုတ်ပြန်သည်။

အဆိုပါ အုပ်ကြီးအား တာဝန်မှနှုတ်ထွက်၍ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုရန် (၃)ကြိမ်ထက်မနည်းသတိပေးခဲ့သော်လည်း တာဝန်မှမနှုတ်ထွက်ဘဲ ပြည်သူများကို ပေါ်တာဆွဲရာတွင် လိုက်ပါခြင်း၊ စစ်မှုထမ်းကိစ္စ တစ်အိမ်ထောင်လျှင် (၁)လ ကျပ်သုံးသောင်းမှ ငါးသောင်းအထိကောက်ခံ၍ စစ်ကောင်စီအား ငွေရှာပေးနေသူဖြစ်သည်ဟု ဆိုသည်။

အလားတူ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေရာအိမ်မှူး ချက်ဖောင်း(ခ)ဇော်မင်းဦးတို့ လင်းမယားအား ယမန်နေ့(ဇန်နဝါရီ ၇ ရက်)နံနက် ၁၀ နာရီခွဲခန့်တွင် တပ်ရင်း ၃၆၀၁ ၊တပ်ခွဲ(၃)မှ ၎င်း၏နေအိမ်အနီး သွားရောက် ပစ်ခတ်ခဲ့ရာ ရာနေရာတင် နှစ်ဦးစလုံးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ ရာအိမ်မှူးလင်မယားသည် စစ်ကောင်စီနှင့်ပေါင်းကာ PDFများအား ဂရုစိုက်စရာမလိုဟုကြွေးကြော်ကာ ပြည်သူများအားအနိုင်ကျင့်ဗိုလ်ကျခြင်း၊ လူငယ်ရများသည့်နေအိမ်များကို ငွေညှစ်ခြင်းအပြင် ၎င်းတို့ကြောင့် ဖမ်းဆီးခံလိုက်ရသည့်လူငယ်များလည်းရှိနေခြင်းကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဟု တပ်ရင်း ၃၆၀၁က အသိပေးသည်။

“ကျနော်တို့က ရှင်းချင်တိုင်း ရှင်းနေတာမျိုးမဟုတ်ပါဘူး။ ပြည်သူ့တိုင်ကြားချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာ အုပ်ကြီးနဲ့ ရာအိမ်မှူးတွေကို ၃ ကြိမ်၊၃ ခါ သတိပေးတယ်။ အဲလိုသတိပေးလျက်နဲ့ မလိုက်နာတဲ့သူတွေကိုသာ အခုလို အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်သား၊ ရဲ၊ ထွေအုပ်ဝန်ထမ်း(ရပ်ကျေးစာရေး)၊ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို ပြတ်သားသားအ ရေးယူနေပြီဖြစ်သောကြောင့် အချိန်မီနှုတ်ထွက်ကာ ပြည်သူနှင့်ပူပေါင်းကြရန် အသိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။