Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၌ NUGထိန်းချုပ်နယ်မြေရှိ ဂိတ်အားလုံးကို ခရိုင်ပေါင်းစပ်ညှိုနှိုင်းအဖွဲ့က စနစ်တကျဖြစ်​စေရန် စတင်စိစစ်

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ထိန်းချုပ်နယ်မြေရှိ အကောက်ခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ်အားလုံးကို ခရိုင်ပေါင်းစပ်ညှိုနှိုင်းအဖွဲ့က စိစစ်မှုများပြုလုပ်နေပြီး စနစ်တကျဖြစ်စေရန်လုပ်ဆောင်နေသည်ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက လူထုနွေဦးသို့ ပြောသည်။

အညာဒေသတနေရာတွင် တွေ့ရသော PDFစစ်ဆေးရေးဂိတ်တစ်ခု။ ဓာတ်ပုံ - CJ

ဒီးဒီ၊သတိုး/People’s Spring

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ထိန်းချုပ်နယ်မြေရှိ အကောက်ခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ်အားလုံးကို ခရိုင်ပေါင်းစပ်ညှိုနှိုင်းအဖွဲ့က စိစစ်မှုများပြုလုပ်နေပြီး စနစ်တကျဖြစ်စေရန်လုပ်ဆောင်နေသည်ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက လူထုနွေဦးသို့ ပြောသည်။

” ကနီမှာရှိတဲ့ ဂိတ်တွေ ဘာညာက ကျွန်တော်တို့ အခွန်ကောက်ခံတဲ့စနစ်ရော၊ တိုင်ကြားမှုရောရှိနေတဲ့အတွက် စနစ်တကျဖြစ်အောင်ဆိုပြီးတော့ ခရိုင်ပေါင်းစပ်ညှိုနှိုင်းအဖွဲ့ကနေပြီးတော့ စိစစ်မှုတွေလုပ်တာ။ ခရိုင်ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ဆိုတာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့လို့‌ ခေါ်တဲ့ ပကဖ ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့ ပအဖပါတယ်၊နောက်တစ်ခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါတယ်။ကျန်တဲ့ တရားရေးတို့ ၊ ခရိုင်ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ကနေ ဒီဟာတွေကို စိစစ်မှုတွေလုပ်တယ်နေလို့ သိရတယ်”ဟု ရဲဘော်ဩဇာက ပြောသည်။

ခရိုင်ပေါင်းစပ်ညှိုနှိုင်းအဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း NUG)၏ ထိန်းချုပ်နယ်မြေရှိ အကောက်ခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ်အားလုံးကို စိစစ်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကျွန်တော်တို့ စိုးမိုးနယ်မြေမှာရှိတဲ့ ဂိတ်တွေအားလုံးဟာ ခရိုင်ပေါင်းစပ်ညှိုနှိုင်းရေးနဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ နောက်တစ်ခါ NUG အစိုးရရဲ့ အခွန်ကောက်ခံရေးတွေအတွက် စနစ်တကျလုပ်နေတဲ့ ဂိတ်တွေဖြစ်တယ်။ ဂိတ်ပေါင်းဘယ်လောက်ဆိုတာတော့မသိဘူး။ ဒါပေမယ်လို့ ခရိုင်တိုင်း၊ မြို့နယ်တိုင်းမှာတော့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေရှိနေတဲ့အတွက် ခရိုင်ကွပ်ကဲရေးမှုးရဲ့ လုံခြုံရေးဆိုင်ရာ အကဲဖြတ်ချက်နဲ့အတူ ဂိတ်တွေဖွင့်ခိုင်းတာရှိပါတယ်။ ဒီဂိတ်တွေက လုံခြုံရေးအရဂိတ်တွေလည်းဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း အခွန်ကောက်ခံတဲ့ ဂိတ်ဖြစ်ရင်ဖြစ်မယ်။ နှစ်ခုလုံးပေါင်းထားတာဖြစ်ရင်ဖြစ်မယ်။ တစ်ခုစီလည်းဖြစ်ရင်ဖြစ်မယ်။အဲဒီလိုအမျိုးအစားတွေတော့ ကွဲပါတယ်”ဟု ရဲဘော်ဩဇာက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခွင့်ပြုချက်မရှိဘဲ တော်လှန်ရေးအင်အားစုများက ဖွင့်ထားသည့် အခွန်ကောက်နှင့် စစ်ဆေးရေးဂိတ် ၂၀ကျော်အထိရှိနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကနီမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့များ၏ ဂိတ်များအား PDF ခရိုင်တပ်ရင်းများက ထိန်းချုပ်ခဲ့သည်ဟု သတင်းထွက်ပေါ်မှုမှာ မဟုတ်မှန်ကြောင်း NUGအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ PDF ခရိုင်တပ်ရင်းများက စိစစ်မှုပြုလုပ်ခြင်းနှင့် လုံခြုံရေးအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဟု ဆိုသည်။

ကနီမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များ၏ အခွန်ကောက်ဂိတ်အချို့မှာ ကောက်ခံရရှိသည့်အခွန်ဘဏ္ဏာမှာ ကွာဟမှုရှိနေ၍ တိုင်တန်းမှုများရှိနေသည်။

ယင်းမာပင်ခရိုင်အတွင်း ကနီ၊ပုလဲ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့တို့ပါဝင်ပြီး တရားမဝင်ဂိတ်များဖွင့်ပြီး အခွန်ဘဏ္ဏာခွဲဝေမှုပြဿနာကြီးမားနေသည်မှာ ကနီမြို့ဖြစ်ကြောင်း အဆိုပါခရိုင်အတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အခွန်ကောက်ခံရာတွင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက သာမက ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF)များကပါ အခွန်ကောက်သဖြင့် စစ်ကိုင်းတိုင်းအတွင်း အခွန်ကောက်ခံသည့်ဂိတ်များမှာ အဆမတန်များပြားနေသည်။ ထို့ကြောင့် ခရီးသွားပြည်သူများမှာ အကြိမ်ကြိမ်ပေးဆောင်ရ၍ ဝန်ပိနေပြီး တော်လှန်ရေးအဖွဲ့များကြားတွင်လည်း အခွန်ကောက်ခံမှု၊ အခွန်ခွဲဝေမှု ပြဿနာရှိနေသည်။

တော်လှန်ရေးအင်အားစုများသည် ရန်ပုံငွေလိုအပ်ချက်ကြောင့် ဂိတ်များဖွင့်ရာမှ ယခုကဲ့သို့ တရားမဝင်ဂိတ်များ ပေါများနေခြင်းဟု ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ပကဖတွေဖွင့်ထားတာတွေ၊ လိုကယ် PDFတွေရော တပ်ရင်းတွေကပါ ဖွင့်ထားတာ။ တရားဝင်မဟုတ်တဲ့ဂိတ်တွေအားလုံးကို ပိတ်သိမ်းပစ်ဖို့လိုပါတယ်။ ဒါကို သေချာစီမံဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း၌ အခွန်ကောက်ခံသည့်ဂိတ်များဖွင့်လှစ်မှုမှာ တော်လှန်ရေးအဖွဲ့များပင် မဟုတ်ပေ။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များကလည်း ဂိတ်အများအပြားဖွင့်ကာ ငွေကောက်ခံနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၁၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။